ရှမ်းပြည်တောင်ပိုင်း မဟာမိတ်တပ်ဖွဲ့ရဲ့ ပထမဆုံးအကြိမ်ထိုးစစ်မှာ စစ်တပ်က ဗိုလ်ကြီးတဦးအပါအဝင် နှစ်ဆယ်ထက်မနည်းသေ

Photo- United Southern Shan Federal Union
ရှမ်းပြည်နယ်တောင်ပိုင်းက ကာကွယ်ရေးတပ်ဖွဲ့ငါးဖွဲ့ပူးပေါင်းပြီး ပထမဆုံးအကြိမ်အဖြစ် ထိုးစစ်ဆင်မှုမှာ စစ် တပ်က ဗိုလ်ကြီးတဦးအပါအဝင် နှစ်ဆယ်ထက်မနည်းသေဆုံးခဲ့တယ်လို့ ညီညွတ်သောရှမ်းတောင်ဖက်ဒရယ် တပ်ပေါင်းစုက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ဒေသက စစ်ကောင်စီတပ်စခန်း နှစ်ခုကို စက်တင်ဘာ ၁၂ရက် မနက်အစောပိုင်းမှာဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့ ငါးဖွဲ့ပူးပေါင်းပြီး တိုက် ခိုက်ခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့လိုအပ်နေတာ လက်နက်ခဲယမ်းအထောက်အပံ့တွေပါ၊ပြည်သူတွေ ထောက်ပံ့ပေးသူတွေရဲ့ အင် အားကိုလိုအပ်ပါတယ်၊လိုအပ်တဲ့အထောက်အပံ့တွေသာရရင် ကျွန်တော်တို့တော်လှန်ရေးကိုအင်အား အပြည့်နဲ့ အဖက်ဖက်ကနေ အမြန်ဆုံး အကောင်အထည်ဖော်ခရီးဆက်နိုင်မှာပါ”လို့ ညီညွတ်သော ရှမ်း တောင်ဖက် ဒ ရယ်တပ်ပေါင်းစု တပ်ဖွဲ့ဝင်တဦးက DNAကိုပြောပါတယ်။
အဲ့ဒီတိုက်ပွဲမှာ PNDF (ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်)နဲ့ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ရင်း လေး ရင်း စုစုပေါင်း မဟာမိတ်ငါးဖွဲ့က စစ်ကြောင်းလေးကြောင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးစနိုက်ပါ တပ်စု ရဲ့တိုက်ခိုက်မှု ကြောင့်နောင်ထောဝ် ဂိတ်စခန်းခေါင်းဆောင် ဗိုလ်ကြီးတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံး ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲမှာ မဟာမိတ်တပ်တွေအနေနဲ့ စခန်းသိမ်းနိုင်တဲ့အထိ တိုက်ခိုက်နိုင်တဲ့ အခြေအနေရှိခဲ့ပေမယ့် လက် နက်ခဲယမ်းမလုံလောက်တာ၊အကြမ်းဖက်စစ်တပ်က လက်နက်ကြီးအပါအဝင် လေကြောင်းက ခြောက်ကြိမ် အထိ ပစ်ခတ်နေတာတွေကြောင့် ပြန်ဆုတ်ခွာပေးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ကို စစ်ကူပေးဖို့ရောက်လာတဲ့ PNO အဖွဲ့ဟာ တိုင်းရင်းသားတပ်ဖွဲ့တခု ဖြစ်နေ တာ ကြောင့် ထိပ်တိုက်ရင်မဆိုင်လိုတဲ့အတွက်လည်း ဆုတ်ခွာပေးခဲ့တာဖြစ်တယ်လို့ ညီညွတ်သော ရှမ်းတောင် ဖက်ဒရယ်တပ်ပေါင်းစုရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲမှာ မဟာမိတ်တပ်တွေဘက်က (၇၉) ဗုံးသီးလက်နက်ပျက်စီးဆုံးရှုံးခဲ့ပြီး ပစ်ခတ်သူရဲဘော်တစ်ဦး လက်ထိခိုက်ဒဏ်ရာရတာနဲ့ တခြားရဲဘော်တစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာ အနည်းငယ်သာ ရတာကလွဲလို့ ထိခိုက်မှု ကြီးကြီးမားမား မရှိဘူးလို့သိရပါတယ်။
ရှမ်းတောင်ဒေသ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ပေမယ့် အခက်အခဲ အမျိုးမျိုးကြောင့် အာဏာရှင်ကို တွန်းလှန်ရန် ကြန့်ကြာခဲ့ပြီး အခုတိုက်ပွဲမှာ ပထမဆုံးအနေနဲ့ စတင်စစ်မျက်နှာ ပြင်ဖွင့်တာဖြစ်တယ်လို့ဆိုပါတယ်။
ရှမ်းတောင်ဒေသမှာ ပထမဆုံးထိုးစစ်ဆင်မှုအဖြစ် တိုက်ခိုက်ခဲ့တဲ့ အဲ့ဒီတိုက်ပွဲမှာ အမှတ် 1005 တပ်ရင်း၊ အမှတ် 1008 တပ်ရင်း(SSRY)၊အမှတ် 1009 တပ်‌ရင်း(ယခင် အင်းလေးဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ -IPDF)၊ NUG လက်အောက်ခံတပ်ရင်းတစ်ရင်းနဲ့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(PNDF) စတဲ့မ ဟာမိတ်တပ်ရ င်းငါးရင်းက ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု (United Southern Shan Federal Union – USSFU) အဖြစ် ဖွဲ့စည်း တိုက်ပွဲဝင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။