
ဂန့်ဂေါမြို့နယ်တောင်ပိုင်းကလယ်မရွာကို စစ်ကောင်စီစစ်ကြောင်းက ဒီကနေ့ စက်တင်ဘာ (၁၃)ရက် ညနေပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ရွာခံတချို့ကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးထားတယ်လို့ PDF ဂန့်ဂေါတောင်ပိုင်းအဖွဲ့ခေါင်းဆောင်ကိုဝေလေးက DNAကိုပြောပါတယ်။
“အိမ်ဘယ်နှလုံးလောင်တယ်ဆိုတာ ကျနော်တို့မသိနိုင်သေးဘူး၊ရွာထဲမှာလည်း ရွာသူရွာသားတချို့ကို ဓားစာခံအဖြစ်ဖမ်းထားတာရှိတယ်” လို့ ကိုဝေလေးကပြောပါတယ်။
စစ်ကောင်စီဟာ ယောဒေသ ဂန့်ဂေါမြို့နယ်တစ်ခုလုံးကို ဩဂုတ်လကတည်းက လှည့်ပတ် စစ်ကြောင်း ထိုးနေပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေရဲ့ ကြက်ဝက်တွေကို သတ်ဖြတ်စား သောက် တာ၊ ပစ္ဓည်းခိုးယူတာတွေ နေ့စဉ်နဲ့အမျှကျုးလွန်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် ရွာမီးရှို့ခံရလို့တိမ်းရှောင်နေတဲ့ ပြည်သူတွေအတွက် လှူဒါန်းမယ့် ရိက္ခာတွေကိုပါမချန် စစ် ကောင်စီ စစ်ကြောင်းက ဖျက်ဆီးခဲ့တာပါ။အဲ့ဒီလို စစ်တပ်ကစစ်ကြောင်းထိုး အကြမ်းဖက် နေတာ ကြောင့် ဂန့်ဂေါနယ်က ဒေသခံထောင်ချီပြီး စစ်ဘေးရှောင်နေကြရ ပါတယ်။
ပုံဟောင်း- ရွာခံတချို့ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ လယ်မရွာ