ယင်းမာပင် လူသတ်မှုကျူးလွန်သူတွေကို လက်နက်ဖြုတ်သိမ်းပြီး ရုံးတင်စစ်ဆေးနိုင်ဖို့လုပ်နေတယ်လို့ NUG ဆို

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ မသင်္ကာမှုနဲ့ ရန်ငြှိုးရန်စတွေကို အခြေခံပြီး လူဆယ်ဦးသတ်ဖြတ်ခဲ့တဲ့ ပြစ်မှု ကျူးလွန်သူတွေကို လက်နက်ဖြုတ်သိမ်းပြီး ရုံးတင်စစ်ဆေးနိုင်ဖို့ဆောင်ရွက်နေတယ်လို့ NUG ကာ ကွယ်ရေး ဝန် ကြီးဌာနက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် NUG အနေနဲ့ ပြစ်မှုကျူးလွန်သူတွေကိုရုံးတင်စစ်ဆေးနိုင်ဖို့ အကျဉ်းစစ်တရားရုံးအမြန်ဖွဲ့စည်းသွ ားမှာ ဖြစ်ပြီး PDF ဖြစ်စေ၊ပကဖ ဖြစ်စေ အသိအမှတ်ပြုမှာမဟုတ်ဘူးလို့လည်း ယင်းမာပင် လူသတ်မှုနဲ့ ပတ်သက်ပြီး NUG ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ယင်းမာပင်မြို့နယ်က တော်လှန်ရေး အင်အားစုတွေကြားဖြစ်ခဲ့တဲ့ အငြင်းပွားစ ရာ လူသတ်မှုနဲ့ပတ်သက်ပြီး စုံစမ်းတွေ့ရှိမှုနဲ့ အရေးယူဆောင်ရွက်မှုအခြေအနေကို ကာကွယ်ရေး ဝန်ကြီး ဌာနက ဒီနေ့ ထုတ်ပြန်တာပါ။
ယင်းမာပင်မြို့နယ်မှာ CDM မလုပ်ထားတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေအပါအဝင် အရပ်သားလေးဦးနဲ့ဒေသတွင်း ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ခြောက်ဦး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်ဟာ မှားယွင် းစွပ်စွဲသတ် ဖြတ်ခဲ့တာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
စုံစမ်းစစ်ဆေးချက်တွေအရ အဲ့ဒီသတ်ဖြတ်မှုကို ကပိုင်ရွာမှာ အခြေစိုက်တဲ့ ယင်းမာပင်ဒေသကာကွယ်ရေး တပ်ဖွဲ့၊ တပ်ရင်း(၄) တာဝန်ရှိသူအချို့ ကျူးလွန်နိုင်ဖွယ်ရာရှိပြီး တပ်ရင်းတာဝန်ခံ ဆရာစံနဲ့အဖွဲ့ဟာ အဓိက တာဝန်ရှိသူ တွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လူသတ်မှုနဲ့ပတ်သက်လို့ အဓိက တာဝန်ရှိနေသူတွေကို လက်ရှိဒေသတွင်း စစ်ရေးနဲ့ ဆက်သွယ်ရေး အခြေ အနေ တွေအရ NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဆင့်ခေါ်စစ်ဆေးနိုင်ဖို့ အခက်အခဲရှိနေတဲ့အတွက် စစ်ဖက်တရား ရုံးနဲ့ ဆက်ပြီး စစ်မေးဖော်ထုတ်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
မှားယွင်းသတ်ဖြတ်ခံရတဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်ခြောက်ဦးကို PDF ရဲဘော်တွေအဖြစ် အသိအမှတ် ပြုသွား မှာဖြစ်ပြီး ကျန်ရစ်တဲ့မိသားစုကိုလည်း NUG အနေနဲ့ ထောက်ပံ့ကူညီသွားမယ်ဖြစ်တယ်လို့ သိရပါ တယ်။
ဒါ့အပြင် ပြစ်မှုကျူးလွန်ရာမှာ မပါဝင်တဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တွေကိုတော့သင့်လျော်တဲ့ တာဝန် တွေပေး အပ်နိုင်ဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။
ယင်းမာပင်မြို့နယ် လာပို့ရွာက CDM မဝင်ထားတဲ့ မီးသတ်ရဲဘော်တဦးဟာ ထိခိုက်ဒဏ်ရာရထားတဲ့ခြေ ထောက် ကိုကုသဖို့ အဖော်တဦး၊လာရောက်ခေါ်ဆောင်တဲ့ အခြားမီးသတ်ရဲဘော်နှစ်ဦးနဲ့အတူ ဆေးခန်း ကိုအသွား ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ ဖမ်းဆီးမှုခံခဲ့ရတာပါ။
အဲ့ဒီလေးဦးအဖမ်းခံရအပြီးနောက် ဒေသခံအရပ်သားတွေဖြစ်တဲ့အကြောင်း အာမခံပေးဖို့လိုက်သွားတဲ့ လာပို့ရွာ ကာကွယ်ရေးအဖွဲ့ Hero Tigerအဖွဲ့က ဗိုလ်ထိုက်မောင်နဲ့ ရဲဘော်ငါးဦးလည်း ထပ်ပြီးဖမ်းဆီး ခံခဲ့ရပါတယ်။ အဲ့ဒီ နောက် ဖမ်းဆီးထားသူ ဆယ်ဦးလုံး သတ်ဖြတ်ခံခဲ့ရတာပါ။
ယင်းမာပင်မြို့နယ်မှာ ၂၀၂၁ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ခဲ့တဲ့ အဲ့ဒီလူသတ်မှုဟာ တော်လှန်ရေးအဖွဲ့အစည်း တွေ အပေါ် ဝေဖန်စရာဖြစ်ခဲ့ပြီး ဒေသတွင်း တော်လှန်ရေးအင်အားစုတွေကလည်း အမျိုးသားညီညွတ်ရေး အစိုးရအ ဖွဲ့ကို တိုင်ကြား တာတွေရှိခဲ့တဲ့နောက် စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။
ဒေသခံတပ်ဖွဲ့တွေကြား နယ်မြေစိုးမိုးမှု၊လက်နက်ခွဲဝေမှု၊NUGနဲ့ချိတ်ဆက်မှုစတဲ့ အားပြိုင်မှုတွေရှိနေပြီး အခု လူသတ်မှုဟာ အဲ့ဒီလို အားပြိုင်မှုတွေရဲ့ မလိုလားအပ်တဲ့ အကျိုးဆက်ဖြစ်တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီး ဌာနက ဆိုပါတယ်။