စစ်အာဏာရှင်ကိုလက်မခံ၊ NUG နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကိုသာထောက်ခံတဲ့ ကလေးမြို့က ကျေးရွာ ပေါင်းစုံသပိတ်

Photo – CJ

ကလေးမြို့နယ် ပင်မသပိတ်စစ်ကြောင်းနဲ့ မြို့ခံတွေပူးပေါင်းပြီး NUG နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပြီး စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြသတဲ့ ကျေးရွာပေါင်းစုံသပိတ်ကို စက်တင်ဘာ (၁၂) ရက် ဒီနေ့မနက်ပိုင်းမှာပြုလုပ်ခဲ့ပါတယ်။

“ဒီနေ့လူအင်အားကတော့ အားရစရာပါ၊ နီးစပ်ရာရွာတွေက ပြည်သူတွေတော်တော်များများ တက်ရောက်ကြတယ်” လို့အမျိုးသမီး သပိတ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

သပိတ်အခမ်းအနားမှာ စစ်အာဏာရှင်ဆန့်ကျင်​ကြောင်း၊ NUG နှင့် ပြည်သူ့သံအမတ်ကို ထောက်ခံကြောင်း ဟောပြောမူတွေလုပ်ခဲ့ပြီး စစ်အာဏာရှင်ကျဆုံးရေး၊ ဒီမိုကရေစီရရှိရေး ကြွေးကြော်သံတွေနဲ့လည်း ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

အဲ့ဒီသပိတ်အခမ်းအနားကို ကလေးမြို့နယ်တဝိုက်ကျေးရွာတွေက ပြည်သူထောင်ဂဏန်းနီးပါးတက် ရောက် ခဲ့ကြ ပြီး သပိတ်အခမ်းအနားတက်ရောက်လာသူတဲ့ ပြည်သူတွေကို VAKOK-CNDF ၊ RKDF နဲ့ကလေး မြို့ ပ.က.ဖ ရဲဘော်တွေက လုံခြုံရေးယူပေးခဲ့ကြတယ်လို့ သိရပါတယ်။