ဗိုးဗြဲမြို့တိုက်ပွဲ လေးရက်အတွင်း နေအိမ် အလုံးတရာကျော်ပျက်စီး

Photo – PKPF

ဗိုးဗြဲမြို့မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ (၄) ရက်တာကာလအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီး ကျည်ဆံတွေ အရပ်သား ပြည်သူတွေနေထိုင်တဲ့ အိမ်တွေအပေါ် ကျရောက်လို့ နေအိမ်ပေါင်း (၁၀၀) ကျော်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကျည်တွေကြောင့် မနေ့က စက်တင်ဘာလ (၁၁) ရက် တရက်တည်းမှာ ပွဲကုန် ရပ်ကွက် ၁၊ ရပ်ကွက် ၂ နဲ့ ရပ်ကွက် ၃ တွေမှာရှိတဲ့ နေအိမ် ပေါင်း (၄၀) ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီတပ်တွေဟာ ဘာသာရေးအဆောက်အဦးတခုမှာ အခိုင်အမာ တပ်စွဲထားပြီး လက်နက်ကြီး တွေ အဆမတန်အသုံးပြု တိုက်ခိုက်နေတယ်”လို့ မိုးဗြဲ PDF က တာဝန်ရှိသူတဦးက ပြောပါ တယ်။

မိုးဗြဲဒေသအတွင်း စက်တင်ဘာလ (၈)ရက်နေ့ ကစတင်ပြီး ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင် စီတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်းနေပြီး ဒီကနေ့ စက်တင်ဘာလ (၁၂) ရက်နေ့အထိ တိုက်ပွဲတွေဆက်လက် ဖြစ်ပေါ်နေတဲ့အတွက် ပြည်သူတွေ ဗိုးဗြဲ-ဖယ်ခုံ ကားလမ်းမပေါ် သွားလာခြင်း မပြုလုပ်ဖို့အတွက်ကိုလည်း PKPF အဖွဲ့က ပြောဆိုပါတယ်။

မိုးဗြိ တိုက်ပွဲအတွင်း မနေ့က စက်တင်ဘာလ( ၁၁) ရက်နေ့ တစ်ရက်တည်းမှ စစ်ကောင်စီဘက်က( ၂၀) ဦး ထက်မနည်းသေဆုံးပြီး လက်နက်အမြောက်အမြားကိုလည်း သိမ်းဆည်းရမိထားကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တစ်ခုဖြစ်တဲ့ KNDF အဖွဲ့ကထုတ်ပြန်ကြေငြာထားပါတယ်။