ပန်းတနော်ဆေးရုံမှာ အမျိုးသမီးလူနာတဦးဆီကနေ ကိုဗစ်ရောဂါပိုးတွေ့

Photo – CJ
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ် ၊ မင်းဆယ်ကျေးရွာက အမျိုးသမီး တဦးမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိ​တယ်လို့ ပန်းတနော်ဆေးရုံ က ဝန်ထမ်းအချို့က DNA ကို အတည်ပြု ပြော ကြားပါတယ်။
အဲဒီ အမျိုးသမီးဟာ စက်တင်ဘာလ (၁၀)ရက်နေ့က အခြားရောဂါတခုနဲ့ ဆေးရုံတက်ရောက်ကုသချိန် ကိုဗစ်ရောဂါပိုး ရှိမရှိ စမ်းသပ်ရာကနေ ပိုးတွေ့ရှိ​ခဲ့တာလို့ ပြောပါတယ် ။
ကိုဗစ်ရောဂါပိုး တွေ့ရှိလူနာနဲ့ ထိတွေ့သူ( ၄) ဦးကို ပန်းတနော်မြို့နယ် ၊ ကိုဗစ်ရောဂါ ကာကွယ် ထိမ်းချုပ်ရေး ကော်မတီရဲ့ အစီအစဥ်နဲ့ ကန့်သတ်နေထိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ကိုဗစ်ရောဂါပိုး တွေရှိတဲ့ လူနာအမျိုးသမီးဟာ စစ်ကောင်စီရဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေးကို အကြိမ်ရေပြည့် ထိုးထားပြီးသူဖြစ်တယ်လို့ လည်း ဒေသခံ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
“ရောဂါပိုးက ဗီဇမျိုးကွဲ တွေ ထပ်ဖြစ်နေတာ ဆိုတော့ ကာကွယ်ဆေး ထိုးထားတယ်ဆိုပေမယ့် မပေါ့ဆသင့်ဘူး ။ အပြင်ထွက်ရင် မက်တပ်ဖို့ လက်ဆေးဖို့ လူစုလူဝေး ရှိတဲ့နေရာ အတတ်ဆုံး ရှောင်ကျဥ်ကြဖို့ လိုအပ်တယ်” လို့ မြို့ခံ ဆရာဝန်တဦးက ဆိုပါတယ်။
အခု ကိုဗစ်ရောဂါပိုးတွေ့ရှိသူဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ရန်ကုန်ကို ခရီးသွားမှတ်တမ်း ရှိခဲ့သူဖြစ်တယ်လို့ သိရပါတယ်။