ဗြိတိန်ဘုရင်မကြီးရဲ့ နိုင်ငံတော်ဈာပနကို လာမယ့်သီတင်းပတ်မှာ ကျင်းပမယ်

Photo – Google

ဒုတိယမြောက် အဲလစ်ဇဘတ် ဘုရင်မကြီးရဲ့ နိုင်ငံတော်ဈာပနကို လာမယ့်စက်တင်ဘာ ၁၉ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်တယ်လို့ တော်ဝင်မိသားစုက ထုတ်ပြန်ပါတယ်။ 

စျာပနမတိုင်ခင်အထိ ဘုရင်မကြီးရဲ့ ခေါင်းတလားကို ဝက်မင်န်စတာ ခန်းမမှာ လေးရက်ကြာ ထားရှိမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း ခေါင်းတလားကို လာရောက် ဂါရဝပြုနိုင်မှာဖြစ်ပါတယ်။

စျာပန ကျင်းပမယ့်နေ့မှာတော့ တော်ဝင်မိသားစုတွေ၊ နိုင်ငံရေးသမားတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံးနဲ့ သက်တမ်းအရှည်ဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်တဲ့ အဲလစ်ဇဘတ်က ၁၉၅၂ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ သူမရဲ့ဖခင် ပဥ္စမမြောက်ဂျော့ဂျ် ဘုရင် ကွယ်လွန်ပြီးတဲ့နောက် နန်းတက်ခဲ့တာ ဖြစ်ပြီး ၂၀၂၂ စက်တင်ဘာ ၈ရက်က စကောတလန်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ချားလ်စ်ဟာ မိခင် ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး ကွယ်လွန်ပြီးနောက် ချက်ချင်း ဘုရင် ဖြစ်ခဲ့ ပေမဲ့ စက်တင်ဘာလ ၁၀ရက်နေ့က သမိုင်းဝင် အခမ်းအနားနဲ့ ဘုရင်အဖြစ် တရားဝင် အတည်ပြုခဲ့ပါတယ်။ သူဟာ ဗြိတိသျှသမိုင်းမှာ အသက်အကြီးဆုံး ထီးနန်းဆက်ခံသူလည်း ဖြစ်လာပါတယ်။