ပခုက္ကူထောင်က နိုင်ငံရေးအကျဉ်းသား ငါးဦးထွက်ပြေးလွတ်မြောက်

photo-Young Force -UG
မကွေးတိုင်း၊ ပခုက္ကူခရိုင် အကျဉ်းထောင်ကနေ မနေ့က ထွက်ပြေးခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသား ငါးဦးကို လုံခြုံရာရောက်အောင် ကယ်ထုတ်ထားနိုင်ပြီလို့ Young Force -UG အဖွဲ့က ဒီနေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ် ။
လွတ်မြောက်လာသူတွေဟာ အကျဉ်းထောင်ထဲကနေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကြိုးစားလွတ်မြောက်လာခဲ့ကြတာ ဖြစ်ပြီး ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PPDF၊ Young Force (UG)တပ်ဖွဲ့၊ ပခုက္ကူမြို့ပြပျောက်ကျားတပ်ဖွဲ့( ၂)၊ Pakokku Ranger ၊ RSO(PKU)အဖွဲ့နဲ့ သက်ဆိုင်ရာ နယ်မြေခံအဖွဲ့တွေ ပူးပေါင်းပြီး ဘေးလွတ်ရာကို ရောက်အောင် ကူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
ပခုက္ကူအကျဉ်းထောင်အတွင်းက ထွက်ပြေးလာခဲ့သူတွေထဲမှာ တော်လှန်ရေး ရဲဘော် နှစ်ဦး ၊ နိုင်ငံရေး ပုဒ်မတွေနဲ့ မတရားဖမ်းဆီးခံထားရသူ (၃) ဦး ပါဝင်တယ်လို့ သိရပါတယ်။