မောင်တောက စစ်ကောင်စီစခန်းကုန်းတခုကို AA တိုက်ခိုက်သိမ်းပိုက်

photo AA
မောင်တောမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ် ခမရ(၃၅၂)တပ်ရင်း စခန်းကုန်းတခုကို ဒီနေ့ စက်တင်ဘာ ၁၀ရက် မနက် ၇နာရီကျော်က သိမ်းပိုက်ရရှိခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ဒီနေ့ညပိုင်းမှာ သတင်း ထုတ်ပြန်ပါတယ်။
မောင်တာမြို့နယ် လောင်းဒုံရွာ(ခ)ဂြိတ်ချောင်းကျေးရွာရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ဂုတ်ပီကျော်လမ်း (ပဲရွမ်း တောင်)က စစ်တပ် စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီစခန်းသိမ်းတိုက်ပွဲဟာ တနာရီဝန်း ကျင် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က အများအပြားသေဆုံးပြီး သုံ့ပန်းတချို့လည်းဖမ်းမိတဲ့အပြင် လက်နက် ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့တယ်လို့ AA ထုတ်ပြန်ချက်မှာဖော်ပြ ထားပါတ ယ်။အရေအတွက်အတိအကျ ဖော်ပြထားတာတော့မရှိပါဘူး။
‌AA တပ်ဖွဲ့က စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီကအဲ့ဒီအနီးတဝိုက်ကို ရဟတ်ယာဉ် ၊ဂျက်တိုက် လေယာဉ်တွေနဲ့ တနေကုန်လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင့်တပ်တော် AAတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၃၁ရက်ကလည်း ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊မိုင်တိုင် အ မှတ်(၄၀) မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသေးတယ်။အဲ့ဒီတိုက်ပွဲမှာတော့ စစ် ကောင်စီဘက်က ၁၉ဦးသေပြီး တဦးအပြင်းအထန်ဒဏ်ရာရခဲ့တာပါ။
AA တပ်ဖွဲ့က မိုင်တိုင်အမှတ်(၄၀)စခန်းကိုသိမ်းပိုက်ခဲ့တဲ့နောက် စစ်ကောင်စီတပ်က စစ်အင်အားတွေ တိုးချဲ့လာပြီး လေကြောင်း၊လက်နက်ကြီးပစ်ကူတွေနဲ့ အဲ့ဒီစခန်း တဝိုက်နဲ့ တခြား ရခိုင်ဒေသတွေနဲ့ ပ လက်ဝတို့ကို ပြင်းပြင်း ထန်ထန်ထိုးစစ်ဆင်နေတာ တပတ်လောက်ရှိပါပြီ။
အခု AA က ထပ်ပြီး သိမ်းပိုက်လိုက်တဲ့ စခန်းကုန်းကတော့ စစ်ကောင်စီကပြန်သိမ်းပိုက်နိုင်ဖို့ အပြင်းအထန် ကြိုး စားနေတဲ့ မိုင်တိုင်အမှတ်(၄၀) စခန်းနဲ့ နီးစပ်မှုမရှိဘဲ ဝေးကွာတဲ့နေရာက သီးခြားစခန်းကုန်း တခုဖြစ်တယ်လို့သိရပါတယ်။