ဧရာဝတီတိုင်း၊ ဝါးခယ်မမြိုနယ်မှာ သြဂုတ်လ အတွင်းက ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာ( ၅၁ )ဦးကို ဝါးခယ်မမြို့နယ် တရားရုံးက ထောင်ဒဏ် (၂) နှစ်စီ ချမှတ်လိုက်တယ်လို့ အငြိမ်းစားဥပဒေအရာရှိဟောင်းတဦးက DNA ကိုပြောပါတယ် ။
“တရားရုံး ကြားနာ စစ်ဆေးမှုက အကျဥ်းချုံး စစ်ဆေးပြီး တလအတွင်း အမိန့်ချလိုက်တာပါ ။ ဒါပေမယ့် အပြစ်ဒဏ်က များတယ်”လို့ ဆိုပါတယ်။
ရိုဟင်ဂျာ အမျိုးသမီး( ၂၃) ဦး၊ ကလေးငယ်( ၃) ဦး၊ အ မျိုးသား (၂၅) ဦးကို မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ – ၆ (၃) နဲ့ ထောင်( ၂) နှစ်စီချမှတ်ခဲ့တာ ဖြစ်ပါတယ်။
တရားဆွဲခံရတဲ့ ပုဒ်မအရဆိုရင် အကျဥ်းချုံး စစ်ဆေးကြားနားရာမှာ တရားလိုရဲ့ စွပ်စွဲတင်ပြချက်အရ တရားသူကြီးက စစ်ဆေး မေးမြန်းပြီး အဖမ်းခံ ရိုဟင်ဂျာတွေက အပြစ်ရှိတယ်လို့ ဝန်ခံပါက ထောင်ဒဏ်( ၆) လ သာအပြစ်ဒဏ် ကျသင့်မှာ ဖြစ်တယ်လို့လည်း ဥပဒေအရာရှိဟောင်းက မှတ်ချက်ပေးပါတယ်။ ပုံ(မက်ဆင်ဂျာ)
ထောင် ၂နှစ်ချခံရတဲ့ ရိုဟင်ဂျာတွေဟာ ရ ခိုင်ပြည်နယ် “ဘူးသီးတောင်-မောင်းတော ဘက်က စက်လှေနဲ့ ရန်ကုန်ဘက်ကို လာကြရာမှာ စက်လှေပျက်ပြီး သြဂုတ် ၂၂ ရက်နေ့က ဝါးခယ်မြစ် စော်ကဲတံတား အလွန် သ ရွတ်မြိုက်ဝဲ အနီးမှာ စစ်ကောင်စီတပ် က ဖမ်းခဲ့တာပါ။
စက်လှေနဲ့လာကြတာ ရိုဟင်ဂျာ ၆၁ ဦးဖြစ်ပြီး လူကုန်ကူး တဲ့ စက်လှေမောင်း အဖွဲ့ ပွဲစား ၄ဦး နဲ့ ရိုဟင်ဂျာ ၁၀ ဦးက ထွက်ပြေးလွတ်မြောက် သွားတယ်လို့ သိရပါတယ်။
‘သူတို့ (ရိုဟင်ဂျာ)တွေ ကိုဖမ်းမိတော့ ဖုန်းတွေ ငွေတွေကို ဖမ်းတဲ့အဖွဲ့က သိမ်းသွားတယ် ပြန်မရကြဘူး စစ်တပ်နဲ့ရဲစခန်းက မကြွေးနိုင်လို့ မြို့ခံ ဗလီ ၂ ခု တာဝန်ယူခဲ့ရ သေးတယ်” လို့ ဒေသခံ မူဆလင်လူမှုရေးအဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။
ဧရာ မြန်မာ မူဆလင် ကွန်ရက် အဖွဲ့ဝင် တစ်ဦးကတော့ ဧရာဝတီတိုင်း ထဲမှာ ရိုဟင်ဂျာတွေ ကိုဖမ်းမိတယ် ဒါပေမယ့် ပွဲစားတွေ လူကုန်ကူးတွေကိုတော့ ထိထိရောက်ရောက် အရေးမယူဘူး ၊သူတို့တွေဟာ ပြီးတော့ မြန်မာနိုင်ငံမှာ မွေးတဲ့သူတွေ ဖြစ်ပါလျှက်နဲ့ နိုင်ငံသား အခွင့်အရေး ၊ ကလေးသူငယ် နဲ့ အမျိုးသမီး ဆိုင်ရာ အခွင့် အရေးတွေလည်း ခံစားခွင့် မရကြဘူးလို့ မှတ်ချက်ပေးပါတယ်။