ချောင်းဦး-မြင်းမူလမ်းပိုင်း စစ်ကောင်စီတပ်စခန်း ဒရုန်းနဲ့ ဗုံးခွဲတိုက်ခိုက်ခံရ

Photo -PDF Monywa
မုံရွာ-မန္တလေးလမ်းမကြီးပေါ်က ချောင်းဦး – မြင်းမူလမ်းပိုင်း တစ်နေရာမှာစခန်းချနေတဲ့ စစ်ကောင်စီ တပ်တွေကို စက်တင်ဘာ ၈ရက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ People’s Defence Force- South Monywa က DNA ကိုပြောပါတယ်။
“သူတို့က မြင်းမူချောင်းဦးလမ်းပိုင်း ကင်းပုန်းဝပ်ပြီးအပြန် ထမင်းစုစားနေချိန်မှာဗျ၊ ရွာကတော့ပြောပြလို့ မရပါဘူး၊ ဒရုန်းနဲ့ဆိုတော့ သူတို့နဲ့ကတော်တော်လေးဝေးတော့ ပြန်ပစ်တာမရှိဘူးဗျ၊ဒီတိုင်းပစ်သံ တော့ ကြားရတယ်ဗျ ” လို့ မုံရွာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဘက်က သေဆုံးသူနဲ့ဒဏ်ရာရရှိသူတွေရှိနိုင်ပြီး အရေအ တွက် အတိအကျကိုတော့အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။
တိုက်ခိုက်ခံရအပြီးမှာ စစ်ကောင် စီတပ်ဖွဲ့ဝင် တွေဘက်က ရမ်းသမ်းပစ်ခတ်ခတာတွေရှိပေမယ့် နေရာဝေးလွန်းတာကြောင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ ဝင်တွေ ဘက်ကို ကျည်မရောက်ဘဲ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို People’s Defense Force – South Monywa ၊ Farmers Revolution Force – FRF အဖွဲ့နဲ့ Myaung Revolution Army- MRA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မုံရွာတောင်ပိုင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
People’s Defense Force-South Monywa တပ်ဖွဲ့ဟာ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တချို့နဲ့ပူးပေါင်းပြီး စက်တင်ဘာ ၈ရက်က မုံရွာ-ချောင်းဦးလမ်းပိုင်းမှာပဲ စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းသုံးလုံးနဲ့မိုင်း ဆွဲ တိုက်ခိုက်ခဲ့ပါသေးတယ်။
အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုမှာတော့ စစ်ယာဉ်တန်းထဲက တစီး မိုင်းထိမှန်ပြီး ပြင်းပြင်းထန်ထန်ထိခိုက်လို့ အနည်းဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးတယ်လို့ ဆိုပါတယ်။