ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာ (၉) ရက် ညဦးပိုင်းမှာ တင်သားကျေးရွာကို လက်နက်ကြီးနဲ့ ဒုတိယအကြိမ်ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” ရွာတောင်ဘက်က ကြက်ခြံနားကိုကျတာဗျ၊ ထိခိုက်မှုတော့မရှိဘူး၊သူတို့က တိုက်ပွဲရှိတာ မျိုးလည်း မဟုတ်ဘဲနဲ့ ဒီလိုရမ်းသမ်းလျှောက်ထု နေတော့ ရွာကလူတွေလန့်နေကြရတော့တာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စက်တင်ဘာလ ၈ ရက်နေ့ ညနေပိုင်းကလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ် ခဲ့တဲ့ အတွက် နေအိမ်တစ်လုံးကိုထိမှန်ပြီး အမျိုး သမီး သုံးဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒေသအတွင်း တိုက်ပွဲတွေမရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသမ်းထုနေတဲ့ ကြံသာရွာက စစ်ကောင်စီစစ် တပ်ဟာ ဗရမ်းဗတာဖြစ်နေပုံရတယ်လို့ ဒေသခံတစ်ဦးကဝေဖန်ပါတယ်။
တိုက်ပွဲတွေမရှိဘဲ လက်နက်ကြီးနဲ့ထုနေတာဟာ ဒေသခံကာကွယ်ရေးတပ်တွေလာတိုက်မှာကို ကြောက်စိတ်လွန်ကဲတာမျိူးဖြစ်နိုင်သလို ညအချိန်မူးရူးပြီ းပစ်ခတ်တာလည်းဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။
(ပုံဟောင်း – 2021 သြဂုတ်လက မီးရှို့ခံနေရသည့် တင်သားကျေးရွာ)