ရန်ကုန်လူထုသပိတ်အဖွဲ့ဝင်တစ်ဦးနဲ့တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးတို့ ဖမ်းဆီးခံရ

Photo- ရန်ကုန်လူထုသပိတ်
ရှစ်လေးလုံးထီးသပိတ်လှုပ်ရှားမှုလုပ်ဆောင်ခဲ့တဲ့ ရန်ကုန်လူထုသပိတ်အဖွဲ့က သပိတ်အဖွဲ့ဝင်
တစ်ဦးနဲ့ တော်လှန်ရေးရဲဘော်တစ်ဦးတို့ကို အခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်အဖွဲ့က ထုတ်ပြန် ပါတယ်။
ရန်ကုန်လူထုသပိတ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ SMVTI Vocational Training Instituteကျောင်းသား
ကိုဇွဲထက်ကိုနဲ့တော်လှန်ရေးရဲဘော်တစ်ဦးတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၆ရက် နေ့လည် ၂နာရီဝန်းကျင်က မရမ်း ကုန်း မြို့နယ်၊သမိုင်း (၁)ရပ်ကွက်က အဆောင်တစ်ခုမှာ အင်အားအလုံးအရင်းနဲ့ ရိုက်နှက်ဖမ်းဆီးခေါ် ဆောင်သွားခဲ့တာလို့ဆိုပါတယ်။
လက်ရှိအချိန်ထိ ကို ဇွဲထက်ကို ​တို့ရဲ့ သတင်းအစအ နကိုမကြားရပဲ၊ရိုက်နှက်ဖမ်းဆီးတဲ့အခြေအနေတွေကြောင့် အသက်အန္တရာယ် စိုးရိမ်သ လို စစ်ကောင်စီ ကမတရားတဲ့အမိန့်အာဏာတွေကို အသုံးချပြီး မတရားတဲ့ပုဒ်မတွေတပ်မှာကို စိုးရိမ် တယ်လို့ လည်း ဆိုပါတယ်။
ရန်ကုန်လူထုသပိတ်အဖွဲ့ဟာသြဂုတ် ၈ရက်က
ရှစ်လေးလုံးထီးသပိတ်လှုပ်ရှားမှုလုပ်ဆောင်ခဲ့ပြီးနောက် သြဂုတ် ၂၀ရက် ညပိုင်းမှာ ရန်ကုန်လူထုအဖွဲ့ဝင်၊ SMVTI Vocational Training Institute ကကျောင်းသားတစ်ဦးကို တာမွေမြို့နယ်၊ ကျောက်မြောင်းလမ်း နဲ့သုခလမ်းထောင့်နေအိမ်မှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ဝင်ရောက်စီးနင်းဖမ်းဆီးတာကို ခံခဲ့ရပါတယ်။
အဲ့ဒီနောက် အလွတ်ဓာတ်ပုံဆရာ ကိုစစ်မင်းနိုင်ကို မရန်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်၊ အလောင်းဘုရားလမ်းနဲ့၁၂လမ်းထောင့် နေအိမ်မှာ အကြမ်းဖက်စစ်တပ်က ထပ်မံဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အခုလို သပိတ်အဖွဲ့ဝင်တွေဖမ်းဆီးခံရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး DNAက ရန်ကုန်လူထုသပိတ်အဖွဲ့ကို ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရရှိသေးပါဘူး။