တော်လှန်ရေးမှာသွေးမအေးတဲ့ ဆောမြို့နယ် ကမီးသပိတ်

Photo- YDF
ဆောမြို့နယ်ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူ ထုတွေဟာ စက်တက်ဘာ ( ၉) ရက်ညပိုင်းမှာ မီးသပိတ်ပြုလုပ်ခဲ့ပါတယ်။
“ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ၊ အာဏာရှင်ကို ငြင်းဆန်ပါ” စာတန်းကို အဂ်လိပ်လို မီးထွန်းရေးသားပြီး သပိတ်အခမ်းအနား လုပ်ခဲ့ကြတာပါ။
သပိတ်အခမ်းအနားကို The Youth Force အဖွဲ့က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး ကျောင်းသား လူငယ်တွေ၊ ရပ်မိရပ်ဖတွေ၊ ကျေးရွာလုံခြုံရေး အဖွဲ့တွေ စုစုပေါင်းအင်အား နှစ်ရာကျော်တက် ရောက်ကာစစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။