NUG ကိုထောက်ခံကြောင်းနဲ့ ဦးကျော်မိုးထွန်းကို UN တွင်ဆက်ထားဖို့ ဆောမြို့နယ်မှာ ဆန္ဒထုတ်ဖော်

Photo. CJ
အမျိုးသားညီညွတ်ရေး အစိုးရ NUG ကိုထောက်ခံကြောင်းနဲ့ ဦးကျော်မိုးထွန်းကို UN မှာ ဆက်လက်ထားရှိဖို့ ဆောမြို့နယ်မှာ ဒီကနေ့စက်တင်ဘာ(၆) ရက် မနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
“စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်ဆန်တဲ့ လုပ်ရပ်တွေကို လက်မခံလို့ ယခုတော်လှန်ရေးအစိုးရ NUG နဲ့ UN မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း မြန်မာကိုယ်စားပြု ရရှိရေး အတွက် ဆန္ဒထုတ်ဖော်တာပါ” လို့ ဆန္ဒပြပွဲကို ဦး ဆောင်တဲ့ ယောလူထုတိုက်ပွဲကော်မတီတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲ့ဒီဆန္ဒထုတ်ဖော်ပွဲကို ယောလူထုတိုက်ပွဲကော်မတီနဲ့ YDF SAW တို့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ပြည်သူ့အင် အား သုံးရာဝန်းကျင်ပါဝင်ခဲ့တယ်လို့သိရပါတယ်။ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေကို YDF Saw တပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးခဲ့ပါတယ်။
ယောသပိတ်ကော်မတီဟာ စစ်အာဏာရှင်ဆန္ဒပြပွဲတွေကို တောက်လျောက်ဦးဆောင်စီစဉ်ခဲ့ပြီး ရှေ့မှာလည်း သပိတ်တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်သွားမယ်လို့ တာဝန်ရှိသူကဆိုပါတယ်။
ယောဒေသက ဆောမြို့နယ်ဟာ အာဏာရှင်ကို ခုခံတော်လှန်မှုအားကောင်းတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး ကာကွယ် ရေး တပ်ဖွဲ့တွေက မြေပြင်တိုက်ပွဲတွေဖော်ဆောင်နေကြသလို ပြည်သူတွေကလည်း ဆန္ဒပြပွဲတွေမှာ တက်တက် ကြွကြွပါဝင်လေ့ရှိပါတယ်။
လက်ရှိ စက်တင်ဘာလဆန်းပိုင်းမှာပဲ ဆောမြို့နယ်မှာ NUGနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံ တဲ့ ဆန္ဒပြပွဲ ရှစ်ကြိမ်လောက်ပြုလုပ်ခဲ့ပြီး ပြည်သူထောင်နဲ့ချီ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။