စစ်ကောင်စီက သီရိလင်္ကာကို ဆန်တန်ချိန်တထောင်လှူ

မြန်မာနိုင်ငံက သီရိလင်္ကာနိုင်ငံကို ဆန်တန်ချိန်တထောင်လှူဒါန်းလိုက်တယ်လို့ စစ်ကောင်စီ ကထုတ်ပြန်ပါ တယ်။
အဲ့ဒီဆန်တန်ချိန်တထောင်ကို စက်တင်ဘာ (၂)ရက် မနေ့က ရန်ကုန်မြို့ Asia world ဆိပ်ကမ်းမှာ အခမ်းအ နားနဲ့ ပေးပို့လှူဒါန်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။အခုလို လှူဒါန်းတာဟာ သီရိလင်္ကာပြည်သူတွေအပေါ် မြန်မာ အ စိုးရနဲ့ ပြည်သူတွေရဲ့ စာနာမှုကိုပြသတာဖြစ်တယ်လို့ စစ်ကောင်စီခန့် ဝန်ကြီး ဦးအောင်နိုင်ဦး ကပြောပါတယ်။
စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့သီရိလင်္ကာနိုင်ငံမှာ ပြည်သူတွေ အုံကြွခဲ့ပြီး သမ္မတအိမ်တော်စီး နင်းသိမ်းပိုက်ခဲ့တာကြောင့် နိုင်ငံ့သမ္မတဟာ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း တိုင်းပြည်ကိုစွန့်ခွာ ထွက်ပြေးခဲ့ပါ တယ်။
အဲ့ဒီ သမ္မတ အာဏာရှိနေစဉ်မှာပဲ သီရိလင်္ကာနိုင်ငံကမြန်မာနိုင်ငံကို သံတမန်စေလွှတ်ခဲ့ပြီး စစ်ကောင်စီ ကို လည်း သံအမတ်ခန့်အပ်လွှာပေးပို့ကာ အစိုးရအဖြစ်အသိအမှတ်ပြုကြောင်းပြသခဲ့ပါတယ်။ဒါဟာ မြန်မာ နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းအပြီး စစ်ကောင်စီကို အစိုးရအဖြစ်အသိအမှတ်ပြုတဲ့ ရှားရှားပါးပါးနိုင်ငံတကာ ဆက်ဆံရေး တွေထဲက တခုဖြစ်ပါတယ်။
လက်ရှိ သီရိလင်္ကာနိုင်ငံမှာ သမ္မတအသစ်တာဝန်ယူနေပြီဖြစ်ပေမယ့် အရင်သမ္မတခန့်ခဲ့တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကတော့ သူ့ရာထူးမှာ ဆက်ရှိနေပြီး စစ်ကောင်စီကို အစိုးရတရပ်အနေနဲ့ ထိတွေ့ ဆက်ဆံနေတာပါ။
စစ်ကောင်စီအနေနဲ့ အခုလိုသီရိလင်္ကာနိုင်ငံကို ဆန်တန်ချိန်တထောင်လှူဒါန်းခဲ့ပေမယ့် လက်ရှိပြည်တွင်းမှာ တော့ ဆန်နဲ့ စားသောက်ကုန်တွေအပါအဝင် ကုန်စည်တွေအားလုံး ဈေးနှုန်းအဆမတန်မြင့်တက်မှု နဲ့ကြုံ တွေ့နေရလို့ ပြည်သူတွေအခက်တွေ့နေကြရပါတယ်။
ဒါ့အပြင် ပဋိပက္ခမြင့်တက်နေတဲ့ ဒေသတွေမှာလည်း စစ်ကောင်စီက ပိတ်ဆို့ဖြတ်တောက်တာနဲ့ ကုန်ဈေးနှုန်း တွေကြောင့် စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာ ပြတ်လပ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေကြရတာပါ။