စစ်တပ်က ဂန့်ဂေါမြောက်ပိုင်းမှာ ရွာသုံးရွာကို မီးရှို့ဖျက်ဆီး၊ နေအိမ် ခုနစ်ဆယ်ဆုံးရှုံး

Photo CJ
စစ်​​ကောင်စီစစ်ကြောင်းက ဂန့်ဂေါမြို့နယ်မြောက် ပိုင်း ထယ်လှော်၊ မောက်၊မောက်လင်း ရွာသုံးရွာကို သုံးရက်အတွင်း မီးရှို့ဖျက်ဆီးလို့ နေအိမ် (၇၀) ပျက်စီးဆုံးရှုံးခဲ့တယ်လို့ဒေသခံတွေက​ ပြောပါတယ်။
သြဂုတ်လ ၂၆ ရက်နေ့မှာ ထယ်လှော်ကျေးရွာ၊၂၈ ရက်နေ့ မှာ မောက်ရွာနဲ့ မောက်လင်းရွာတို့ကို မီးရှို့ ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ ထယ်လှော်ရွာက နေ အိမ် (၁၄) လုံး၊ မောက်ရွာက နေအိမ် (၃၂) လုံး၊ မောက်လင်းရွာက နေအိမ် (၂၄) လုံးတို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။
စစ်ကောင်စီကမီးရှို့ဖျက်ဆီးရာမှာ နေအိမ်တွေ သာမကဘဲ မော်တော်ကားတွေ၊ ဆိုင်ကယ်တွေနှင့် သီးနှံတွေ (နှမ်း) တင်းပေါင်းထောင် ချီပျက်စီးခဲ့ တယ်လို့ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင်မောက်ရွာကပြည်သူနှစ်ဦးကိုလည်း ရွာထဲ မှာ ပစ်သတ်ထားခဲ့တယ်လို့ဒေသခံတွေနဲ့ကာကွယ် ရေးတပ်တွေက ပြောပါတယ်။
ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီက စစ် ကြောင်းထိုးနေပြီး စစ်ရေးတင်း မာနေတာကြောင့်
မောက်၊မောက်လင်းကျေးရွာတွေအပါအဝင်
ရွာငါးရွာဟာ ဘေးလွတ်ရာကို စစ်ဘေး ရှောင် နေကြရတယ်လို့ သိရပါတယ်။
ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကို မီးရှို့
တဲ့ စစ်ကြောင်းဟာ သြဂုတ်ဆန်းပိုင်းမှာ ကလေးမြို့ကနေ ဂန့်ဂေါမြို့ဘက်ကို ထွက်ခွာခဲ့တာဖြစ်ပြီး စစ်ကြောင်းတလျောက် ကလေးမြို့နယ်ထဲက ရွာသုံးရွာနှင့် ဂန့်ဂေါမြို့နယ်ထဲက ရွာလေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲအချိန်မရွေးဖြစ်နိုင်တာကြောင့် စစ်ကောင်စီစစ်ကြောင်းအနီးက ပြည်သူတွေ သတိထားရှောင်ရှားကြဖို့ ဒေသခံတပ်တွေက သတိပေးထားပါတယ်။