ခြောက်လသား မအလ

မင်းအောင်လှိုင်ဆိုတာက ရွံဖို့လည်း ကောင်း၊ သနားဖို့လည်း ကောင်းတဲ့ တီကောင်လို ကောင်မျိုး။ သူ့ခမြာ အာဏာရူးပြီး အာဏာသိမ်းသော်လည်း အာဏာက သူ့အနားမကပ်။ ခွေးအိုကြီးကို အကပ်မခံ၊ ခပ်ဝေး ဝေးပတ်ရှောင်ပြေးနေတတ်တဲ့ ခွေးပျိုမလိုအဖြစ်ပေါ့။ ခွေးအိုကြီးဆိုတော့ စိတ်နောက်ကိုယ်က မပါနိုင်တော့ဘူးလေ။ စိတ်ရှိတိုင်း ကိုယ်ကမရောက်တော့ ရုပ်ကပါ ကျလာ တာများ သူ့မျက်ခွက်သာ ကြည့်ကြပေါ့။ နဂိုကမှ ကျက်သရေမရှိတဲ့ မျက်နှာ စိတ်ထောင်းတော့ ဆိုဖွယ်ရာမရှိ ဆိုသလိုပေါ့။ အဲဒီခွေးအို (အဲ) မင်းအောင်လှိုင်ဟာ ဘယ်လိုရွံစရာကောင်းတယ်ဆိုတာ တကူးတကထုတ် ပြောနေစရာတောင် လိုမယ်မထင်ဘူး။ အရေးတော်ပုံကာလ သူ့အောက်ဆွဲစစ်ခွေး၊ ရဲခွေးတွေ ပလာတာလုစားတဲ့အဆင့်ကနေ စတိုးဆိုင်တွေကို ပေါ်တင် ဖောက်၊ ရွာတွေမှာ ကြက်ရကြက်၊ ဝက်ရဝက်၊ ရွှေရရွှေ၊ ငွေရငွေ အဓမ္မယူငင်၊ အိမ်တွေကို မီးရှို့၊ အပြစ်မဲ့ပြည်သူ အမြောက်အမြားကို လက်နက်အားကိုးနဲ့ ပစ်သတ်၊ မီးရှို့သတ်၊ ရိုက်သတ်၊ အမျိုးသမီး ကြီးကြီးငယ်ငယ်တို့အပေါ် အဓမ္မပြုကျင့်တဲ့အဆင့်ထိ ယုတ်မာလှတဲ့ အဖွဲ့အစည်းခေါင်းဆောင်အဖြစ် ရွံစရာကောင်းတာက တစ်ဖုံ။ လူမျိုးရေးကို အသုံးချ၊ ဘာသာရေးကို အသုံးချ၊ အမျိုးဘာသာသာသနာဆိုတာကို အကြောင်းပြ၊ သူကိုယ်တိုင်မူရင်း အော်ရီဂျင်နယ် စိတ်ယုတ်၊ စိတ်မာတွေနဲ့ စီမံထားတဲ့ မနာလိုတိုရှည်အငုံစိတ်တွေကြောင့်တစ်ဖုံ ရွံစရာအသွယ် သွယ်က ဒီမြေကမ္ဘာမယ် နှိုင်းပြစရာ မရှိလောက်အောင်ကို ရွံစရာ့ထိပ်ခေါင် မင်းအောင်လှိုင်ရယ်လို့ ကြော်ငြာစရာ မလိုတဲ့အထိပါပဲ။ ဤသို့သောဘွဲ့ထူး၊ ဂုဏ်ထူးများနဲ့ မောင်မင်းအောင်လှိုင်လေးဟာ ဘာ့ကြောင့်များ သနားစရာဖြစ်ရသလဲဆိုတာ ဆက်ပါဦးမယ်။ Facebook ကို ပိတ်ပစ်ပြီး သူတို့ကိုယ်ပိုင် လူမှုကွန်ရက်တစ်ခုထောင်မယ်ဆိုတဲ့စကား ဇော်မဲလုံးဆီကနေ ထွက်လာ တာ ကြားလိုက်မိကြတယ်ဟုတ်။ ဘယ်လောက်သနားစရာ ကောင်းလိုက်တဲ့ မောင်မင်းအောင်လှိုင်လေးလဲ။ စဉ်းစားကြည့်လေ သူ့ပထွေးတော် ပေါက်ဖော်ကြီးတောင် မပိတ်နိုင်တဲ့ Facebook ကို သူက ပိတ်ဦး၊ ဆို့ဦးမတဲ့။ Facebook ကို ပိတ်ရတာ သူ့မျက်နှာကို မိကြူ ထမီနဲ့တက်အုပ်သလောက် လွယ်တယ်မှတ်နေထင်ရဲ့။ ဒါပဲလားဆိုတော့ မဟုတ်သေးဘူး။ Facebook ကိုပိတ်ပြီး အဲ့လိုလူမှုကွန်ရက်တစ်ခု မြန်မာမှာ ထောင်ဦးမှာတဲ့။ လုပ်ပုံများပြောပါတယ်။ ကိုရင် ထပ်ပြောလိုက်ချင်တာက လူမှုကွန်ရက်ထောင်တယ်ဆိုတာ တပ်တွင်းမုဆိုးမ တွေကို မဲဖောက်ပေးတာလောက် လွယ်ထင်နေသလားလို့ပါ။ နောက်သနားစရာတစ်ကွက်က အဲဒီလူမှုကွန်ရက်ကို အကြောင်းပြလို့ သူ့အောက်က လက်ပါးစေတွေက ဆီပုလင်း တွေ ခါးကြားချိတ်ပြီး သူ့အနောက်ကနေ တန်းစီစောင့်နေမှာကို မြင်ယောင်ကြည့်ရင်း ကိုရင်ဖြင့် မောင်မင်းအောင် လှိုင်လေးကို သနားလွန်းလို့ အူကို နှိပ်နှိပ်ခွီနေရတော့တာပါပဲ။ “လော့ဂရစ်သမ်ကြီး ကျကွဲသွားလို့ အမေ”ဆိုတဲ့ အကွက်ထက် ဆိုးမယ်။ မောင်မင်းအောင်လှိုင်လေး တိုင်းပြည်ဆီက ပေါ်တင်ခိုးစားထားတဲ့အထဲက အသပြာကို သူ့အောက်ဆွဲတွေက သူဝှက်လုပ်မယ့်ကိန်းလို့သာ ကိုရင်က ဗေဒင်ဟောလိုက်ပါရဲ့။ ကဲ…ကဲ နောက်ထပ်သနားစရာမောင်မင်းအောင်လှိုင်လေးအကြောင်းဆီ ဆက်ကြဦးစို့။ အဲဒါကတော့ သူ့အာဏာရူး သက်တမ်းပေါ့။ အာဏာရူးပြီး ထိုင်ခုံလုလို့ သူ့အတွက်ရလာတဲ့ အာဏာရူးထိုင်ခုံသက်တမ်းက ခြောက်လပါတဲ့။ သူတို့ ညအိပ်ယာဝင်တိုင်း၊ မနက်အိပ်ယာထတိုင်း၊ အားတိုင်းယားတိုင်း ဦးခိုက်ပူဇော်နေရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဆိုသဟာက သူ့ကို အဲဒီ့ခြောက်လသာ ပါမစ်ပေးပါတယ်။ ကားတွေ လိုင်စင်သက်တမ်းတိုးရသလို သူသည်လည်း ခြောက်လတစ်ခါ သက်တမ်းတိုးပြီး ထိုင်ခုံအသက်ဆက်နေရတဲ့သူပါ။ “အို…ခြောက်လစာ သနားစရာ အာဏာရှင် လေး မောင်မင်းအောင်လှိုင်ဖြစ်တော့သကိုး”လို့ ကြေညာမောင်းခတ်လိုက်ချင်ပါရဲ့ အရပ်ကတို့။ သူ့အာဏာကို အဲဒီ့လို ခြောက်လတစ်ခါ သက်တမ်းတိုးလာလိုက်တဲ့ မောင်မင်းအောင်လေးဟာ အခုဆိုရင် နောက် ဆုံးခြောက်လသက်တမ်းထဲကို ရောက်လာပါပြီ။ လာမယ့် ဇန်နဝါရီလကုန်ရင် သူ့သက်တမ်းလည်း ကုန်ပါပြီ။ ကင်ဆာစကားနဲ့ပြောရရင် ဆေးမမီတော့တဲ့ နောက်ဆုံးခြောက်လပေါ့။ ဒီစကားပြောရတာ တခြားကြောင့်မဟုတ်။ မကြာခင် EAOs, EROs, PDF တွေ လက်ချက်တွေ့တော့မှာမို့ ပြောရတာပ။ ကိုင်း…နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလို သနားစရာအကောင်းဆုံးအကွက်ကို ခင်းကြ၊ လင်းကြပါဦးစို့။ အဲ့သ ဟာကတော့ဖြင့် မောင်မင်းအောင်လှိုင်လေးရဲ့ ဦးနှောက်ပါပဲ။ သူ့ဦးနှောက်ဟာလည်း တကယ်တော့ ခြောက်လ သားအရွယ်သာ ရှိပါသတဲ့။ ဒါကြောင့်လည်း ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့နိုင်ငံတော်သမ္မတက လွှဲအပ်ခြင်းမရှိတဲ့ အာဏာကို အတင်းလုယူပြီး ဖွဲ့စည်းပုံနဲ့အညီပါလို့ပြော အာဏာသိမ်းတာက တစ်ကွက်။ ဆီပုလင်းခါးချိတ်ထားကြတဲ့ (၃၄) ပါတီသောသူများရဲ့ မြှောက်ပင့်ပေးမှုကို အဟုတ်ကြီးထင် ‘မလုပ်ရဲတာ ဘာမှမရှိဘူး’ဆိုတာက တစ်ကွက်။ “ဗိုလ်ချုပ်မှူးကြီးနောက်မှာ သန်းလေးဆယ်ရှိပါတယ်”ဆိုတဲ့စကားအပေါ် ပစ်ယုံခဲ့မိတာက တစ်ကွက်စတဲ့ ခြောက် လသားဦးနှောက်အကွက်တွေနဲ့အတူ ကိုရင် အပေါ်မှာပြောခဲ့တဲ့ သနားကမားရွံစရာတွေကို ဒင်းဦးနှောက်မပါလုပ် နေမိတော့တာပဲပေါ့။ မကြာမီသူ့ဆီရောက်လာတော့မယ့် EAOs, EROs, PDF တွေကို မှာချင်တာက ကြည့်လည်းလုပ်ကြဦးမောင်တို့ တော်ကြာ ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုမြောက်နေပါဦးမယ်လို့။ ။

ကိုရင်နွေဦး