ကွမ်းခြံကုန်းမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ကွမ်းခြံကုန်းမြို့နယ်၊တော်ကူးရဲစခန်းအနီး လက်ခုပ်ကုန်းကျေးရွာက အုန်းပင်စိုက်ပွဲကို လာတဲ့ စစ်ကောင်စီယာဥ်တန်းကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)က ဒီကနေ့မနက်ပိုင်းက ရှေ့ထွက်မိုင်း နှစ်လုံး နဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံမြို့နယ် ကောင်စီဝင်တွေ၊အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်သားနဲ့ရဲတွေပါဝင်တဲ့ယာဥ် တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် အများအပြားထိခိုက်ဒဏ်ရာရရှိပြီး ယာဥ်တွေပါထိခိုက် ပျက်စီးခဲ့ တယ်လို့ S.O.F တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
“ကြားတာတော့ တစ်ဦးသေပြီး ကိုးဦးလောက်ဒဏ်ရာရတယ်လို့ သိရတယ် ဒီဘက်က ဆေးရုံးကားဆို တာကလည်း အခက်အခဲရှိတော့ လာလာဆယ်ကြားသတင်းပဲသိရပါသေးတယ်”လို့ တွံတေးမြို့နယ် ဒေသခံတစ်ဦးကDNAကို ပြောပါတယ်။
တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသရဲ့ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးစီမံချက်နဲ့ ရန်ကုန်စစ်ဆင်ရေး ဧရိယာ ( ၆ ) အခြေပြု S.O.F Squad – 7 (EAGLE SQUAD)က တာဝန်ယူလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
DNAအနေနဲ့ လက်ရှိရရှိထားတဲ့ သေဆုံးဒဏ်ရာရရှိမှုအခြေအနေကို တခြားဒေသခံတွေဆီ ထပ်မံဆက်သွယ် စုံစမ်းပေမယ့် အတိအကျသိရှိရခြင်းမရှိသေးပါဘူး။