ကလေးမြို့မှာ ဗုံးပေါက်ကွဲလို့ စစ်ကောင်စီတပ်သားနှစ်ဦးသေ

Photo – Google

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဗုံးပေါက်ကွဲလို့ စစ်ကောင်စီတပ်သားနှစ်ဦးသေပြီး ပြည်သူအမျိုး သမီးတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ မြို့ခံတွေက DNA ကို ပြောပါတယ်။

“ကလေးတွေက စစ်ကောင်စီစစ်သားတွေကို ခွဲတာပါ၊ စျေးသည်အမျိုးသမီးဖြတ်အသွား ညားတော့ ထိသွားတယ်၊စစ်သားလည်း နှစ်ယောက်သေသွားတယ်” လို့ ကလေးမြို့ တာဟန်းရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ် လက်ပံချောင်းလမ်းချိုးအနီးမှာ သြဂုတ် (၂၄) ရက် ၊ ညနေပိုင်းက ဖြစ်ခဲ့တဲ့ အဲ့ဒီ ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးသလို ဈေးသည်အမျိုးသမီးတဦးလည်း သေဆုံးတဲ့အပြင် အခြားပြည်သူတဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ တာဟန်းရပ်ကွက် နေသူတွေက ပြောပါတယ်။

သေဆုံးတဲ့ အမျိုးသမီးဟာ အသက် (၅၃) နှစ်အရွယ် ကုန်စိမ်းရောင်းတဲ့စျေးသည် ဒေါ်ဇနိမ်သွားအီးဖြစ်ပြီး အနီး အနားက နောက်အမျိုးသမီးတစ်ဦးလည်း ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးခဲ့တဲ့အတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ခပ်ဝေးဝေးနေပေးကြဖို့ အဲ့ဒီဖောက်ခွဲတိုက်ခိုက်မူကို လုပ်ဆောင်ခဲ့တဲ့ Operation MoMo အဖွဲ့က ထုတ်ပြန်ထားပါတယ်။