ကလေးမြို့လယ် ခရိုင်ရဲစခန်းရှေ့မှာ စျေးဝယ်ထွက်လာတဲ့ ယာဉ်ထိန်းရဲတစ်ဦး သြဂုတ်( ၂၄) ရက်၊ မနက် အစောပိုင်းက သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ဘယ်သူမှထင်မထားတဲ့နေရာမှာလုပ်သွားတာဗျ၊ရဲက စခန်းရဲ့လမ်းတစ်ဖက်မှာ စျေးဝယ်ပြီးလှည့်အပြန်မှာ ဆိုင် ကယ်နဲ့လာပစ်သွားတာ၊စခန်းရှေ့ကြီးမှာလည်းဖြစ်တယ်၊ပြီးတော့ စခန်းနောက်မှာက စစ်တပ်ကတ ပ်စွဲထားတဲ့ RTC ဝင်းဗျာ၊ သေတဲ့ရဲကိုယ်တိုင်လည်း ထင်ထားမှာမဟုတ်ဘူး” လို့ ကလေးမြို့ တပ်ဦး သီတာရပ်ကွက်သား တစ်ဦးက ပြောပါတယ်။
သေဆုံးသွားသူဟာ ယဥ်ထိုင်းရဲတပ်သား အောင်မြင့်မောင်ဆိုသူဖြစ်ပြီး မြို့ထဲဆိုင်ကယ်နဲ့ သွားလာနေတဲ့ ပြည်သူတွေကို ဖမ်းဆီးပိုက်ဆံတောင်းရာမှာ ပါဝင်သူတစ်ဦးဖြစ်တယ်လို့ ကလေးမြို့ဒေသခံတွေ ကပြော ပါတယ်။
“နံပတ်ပြားမပါတာ၊ ဦးထုပ်မပါတာ၊ လိုင်စင်မပါတာတွေကို ပိုက်ဆံတောင်းတာပေါ့” လို့ အဲ့ဒီဒေသခံက ဆိုပါတယ်။
ယဥ်ထိန်းရဲတပ်သားကို Kalay UG က ပစ်ခတ်ခဲ့တာဖြစ်ပြီး ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီ လက်အောက်ခံတွေအတွက် လုံခြုံတဲ့နေရာမရှိဘူးလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။