ဂန့်ဂေါမြို့နယ်ထဲက PDF Gangaw တပ်ခွဲ စခန်းတစ်ခုကိုသြဂုတ် (၂၂) ရက်မနက်ပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းက မီးရိူ့ဖျက်ဆီးခဲ့တဲ့အတွက်စခန်းက ရိက္ခာတချို့ ဆုံးရူံးခဲ့ရတယ်လို့ PDF Gangaw တောင်ပိုင်းတပ်ရင်းမှူး ကိုဝေလေးက DNA ကိုပြောပါတယ်။
” သူတို့မင်းရွာကနေ ထွက်ကတည်းက ကျနော်တို့က လမ်းတလျောက်လုံး လိုက်တိုက်နေတာ၊ သူတို့သွားနိုင်တဲ့ လမ်းကြောင်းနှစ်ကြောင်းကို ကျနော်တို့သိထားပြီးသား၊ ကျနော်တို့က လိုက်တိုက်နေတော့ သူတို့က နောက်ထပ် လမ်းကြောင်းသစ်ဖောက်ပြီး သွားတာမှာ အမှတ် ၁၂ စခန်းကိုတွေ့ပြီး မီးရှို့သွားတာပါ” လို့ တပ်ရင်းမှူး ကိုဝေလေးက ပြောပါတယ်။
စခန်းမီးရှို့ခံရပေမယ့် လူထိခိုက်တာ၊ ပစ္စည်းများ များစားစားဆုံးရှုံးတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ အမှတ် ၁၂ စခန်းကို မီးရိူ့ပြီးနောက်ဂန့်ဂေါမြို့အနောက်ဖက်က အောင်မြင်သာရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် နေအိမ်အချို့ကို ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင်စစ်ကောင်စီစစ်ကြောင်းက အောင်မြင်သာ ရွာကိုဝင်ရောက်ပြီး နေအိမ်တစ်အိမ်ကနေ ရွှေတွေနဲ့ ပိုက်ဆံသိန်းငါးဆယ်ကိုယူသွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီရွာထဲကတခြားနေအိမ်အလုံး နှစ်ဆယ်လောက်ကိုလည်း တပြိုင်တည်း မီးရှို့ထားခဲ့ပေမယ့် ဒေသကာကွယ်ရေးတပ်တွေက အချိန်မီ နယ်မြေရှင်းလင်းရေးဝင်နိုင်ခဲ့တာကြောင့် နေအိမ်တစ်လုံးပဲ မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်တာကြောင့် အောင်မြင်သာရွာသားတစ်ဦး လက်မောင်းမှာ ကျည်ထိဒဏ်ရာရခဲ့တဲ့အပြင် ရွာသား ၁၅ ဦးကို မြစ်သာ မြစ်တံတားပေါ်မှာ လူသားဒိုင်းအဖြစ်အသုံးပြုပြီး ဂန့်ဂေါမြို့ကို ဝင်ရောက်သွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။