မကွေးတိုင်း၊ ဆောမြို့နယ်မှာလက်နက်ကိုင်ထားသူတစုက ဝင်ရောက်ပစ်ခတ်သတ်ဖြတ်လို့ မိသားစု ဝင်ငါးဦး အပါအဝင် ခြောက်ဦးသေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆောမြို့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့နဲ့ ဒေသခံတွေ ဆီကသိရပါတယ်။
“အရင်ဆုံး လက်နက်ကြီးပစ်သံ သုံးချက်လောက် ကြားတယ်၊ည၈နာရီလောက်ကျတော့ သေနတ်အတွဲ လိုက်ပစ်သံတွေရော ငိုသံတွေရောကြားရတယ်”လို့ ဆောမြို့နေ ပြည်သူတဦးက DNA ကို ပြောပါတယ်။
အဲ့ဒီပစ်ခတ်သတ်ဖြတ်မှုဟာ ဆောမြို့ ဇေယျာ ရပ်ကွက်က ကုန်စုံဆိုင်ပိုင်ရှင်တ ဦးဖြစ်တဲ့ ဦးခင်မောင်လင်း နေ အိမ်မှာဖြစ်ခဲ့တာပါ။ လက်နက်ကိုင်တွေက သြဂုတ် (၂၁)ရက် ညပိုင်းက အဲ့ဒီနေအိမ်ထဲ ဝင်ရောက်ပစ်ခတ်ချိန်မှာ အိမ်ရှင်မိ သားစုဝင် တွေအပြင် ဘောလုံးပွဲလာကြည့်တဲ့ ဧည့် သည်တွေလည်းရှိနေတာကြောင့် အိမ်ရှင်မိသားစု ဝင်ငါးဦးအပါအဝင် စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုကြောင့်သေဆုံးခဲ့တဲ့အထဲ ၁၃နှစ်အရွယ် မိန်းကလေးငယ်တဦးလည်းပါဝင်ပြီး တနှစ်ခွဲအ ရွယ်ကလေး ငယ်ကတော့ လွတ်မြောက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“ကလေးက ကုတင်အောက်ဝင်ပုန်းနေလို့ လွတ်သွား တာ”လို့ ဒေသခံတဦးက ဆိုပါတယ်။ ပစ်ခတ်သတ် ဖြတ်သူ တွေဟာ အဲ့ဒီနေအိမ်က ကားနှစ်စီးနဲ့ တန်ဖိုး ရှိပစ္စည်းတွေအပါအဝင် အတည်မပြုနိုင်သေးတဲ့ ငွေသားတွေလည်း ယူဆောင်သွားတယ်လို့ ဆောမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အခုလို ပစ်ခတ်သတ်ဖြတ်မှုဖြစ်ခဲ့တဲ့ ဒေသဟာ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF ထိန်းချုပ်ရာ ဒေသဖြစ်ပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။
ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ အဲ့ဒီ ပစ်ခတ်သတ်ဖြတ်မှုကို YDF(SAW)အဖွဲ့က ဒလန်ရှ င်းလင်း ရေးအကြောင်းပြလုပ်ခဲ့တာဖြစ်ပြီး အခုလို ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်ကို ပြင်းပြင်းထန်ထ န်ရှုတ်ချတယ်လို့ ဒေသတွင်း တော်လှန်ရေးမဟာ မိတ် ငါးဖွဲ့နဲ့အတူ ပူးတွဲထုတ်ပြန်ပါတယ်။
ဒါ့အပြင် အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သက်ဆိုင်သူ တွေအနေနဲ့တာဝန်ယူရဖြေရှင်းရမှာဖြစ်တယ်လို့လည်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ဆိုပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဦးခင်မောင် လင်း မိသားစုကို ဘာကြောင့် ပစ်ခတ်သတ်ဖြတ် တယ်၊ဘယ်သူတွေက လုပ်တယ်ဆိုတာ DNA အနေ နဲ့ သီးခြား အတည်ပြုနိုင်တာမရှိသေးပါဘူး။