ဂျပန်နိုင်ငံရောက် မြန်မာတွေကို အခမဲ့ ကျန်းမာ ရေးစစ် ဆေးပေးပြီး တော်လှန်ရေးရန် ပုံငွေရှာတဲ့ အစီအစဥ်ကို တိုကျိုမြို့မှာ အပတ်စဥ်လုပ်သွား မယ်လို့ သိရပါတယ်။
“တော်လှန်ရေးမှာနည်းမျိုးစုံနဲ့ ကျနော်တို့တိုက်ပွဲဝ င်နေကြတာပါ အခုကတံတွေးနဲ့ Pcr Test Free စစ်ပေးပြီး ဒီ project ကရလာမဲ့ငွေနဲ့ထောက်ပို့ သွားမှာ၊ဒီလိုစစ်ပေးလို့တစ်ပြားတစ်ချပ်မှပေးစရာမလိုပါဘူး၊ရန်ပုံငွေလဲမပေးရဘူး၊တံတွေးလေးလာထွေးပေးရုံနဲ့တစ်ပြားမှမကုန်ဘဲ၊ကျန်းမာရေးလည်းအထောက်အကူပြုမယ်၊ တော်လှန်ရေးအတွက် လည်းအကူအညီရသွားမှာပါ”လို့ အဲ့ဒီလှုပ်ရှားမှုကို စီစဥ်ပေးတဲ့အဖွဲ့က ကိုမျိုးကြီးက DNA ကို ပြောပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့ တကနာဒိုဘာဘာ ဘူတာနား က နွေဦးစားသောက်ဆိုင်ရှေ့မှာ ဂျပန်နိုင်ငံရောက် မြန်မာတွေ Pcr Test အခမဲ့လာရောက် စစ်ဆေး လိုက်တာနဲ့ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာ ထည့်ဝင်ပြီးသားဖြစ်တယ်လို့ သူကဆိုပါတယ်။
“တံတွေးလေးထွေးပေးလိုက်ရုံပဲ ဒီနေ့စစ်ဆေးပေးပြီး နောက်နေ့ အဖြေတန်းထွက်တာဆိုတော့ ကျန်းမာရေးအတွက်လည်း အဆင်ပြေတယ်၊ တော်လှန်ရေးအတွက်လည်းတစ်ဖက်တစ်လှန်းကကူညီရာရောက်တာပေါ့”လို့ အဲ့ဒီအစီအစဥ်မှာ ပါဝင်ခဲ့သူတဦးကပြောပါတယ်။
အဲ့ဒီလို ရန်ပုံငွေရှာဖွေတဲ့ အစီအစဥ်ကို ဂျပန်နိုင်ငံရောက်မြန်မာများ ပြည်သူ့ကာကွယ်ရေး ထောက်ပံ့ တပ်စု(Combat Support Corps-Japan)က စီစဥ်လုပ်ဆောင်တာဖြစ်ပြီးရရှိလာမဲ့ငွေကြေးအားလုံးကို တော်လှန်ရေးအတွက် ထောက်ပံ့သွားမှ ာဖြစ်တယ်လို့သိရပါတယ်။
“ဘယ်ကပိုက်ဆံရလဲဆိုရင် ကျွန်တော်တို့ရဲ့ လုပ်အား၊အချိန်တွေနဲ့ pcr test လုပ်ဖို့ပေးတဲ့ တံတွေးတွေရဲ့အလှူဖြစ်ပါတယ်”လို့အဲ့ဒီ လှုပ်ရှားမှုကို ဦးဆောင်စီစဥ်နေတဲ့ CSCJ အဖွဲ့ဝင်တဦးက ပြောပါတယ်။
အဲ့ဒီလို အခမဲ့ကျန်းမာရေး စစ်ဆေးမှုအစီအစဥ်မှာ လူတဦးကို တလ လေးကြိမ်အထိ ပါဝင်နိုင်တာ ကြောင့် အပတ်စဥ် တနင်္ဂနွေနေ့တိုင်း တိုကျိုမြို့က သတ်မှတ်နေရာမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။