မြန်မာနိုင်ငံသားတစ်ဦးကို လက်နက်ခဲယမ်း တွေ နဲ့အတူဖမ်းဆီးရမိတယ်လို့ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနက သြဂုတ်လ ၂၂ ရက်နေ့မှာထုတ် ပြန်ပါတယ်။
အိန္ဒိယနိုင်ငံ၊မိုးရေးပြည်နယ်၊တန်နိုပါးခရိုင်၊ကနန်ဗာ့ မှာသြဂုတ်လ ၁၉ ရက်ကအာသံရိုင်ဖယ်တပ်၊ မိုရေး တပ်ခွဲ နဲ့ မဏိပူရဲတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခဲ့ တာ ဖြစ်ပြီး ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားဆီက ပစ္စတို နှစ်လက်၊ကျည်၄၁ထောင့်၊ဖုန်းနဲ့ဆက်သွယ်ရေးစက်တွေသိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ဖမ်းဆည်းခံရတဲ့ မြန်မာနိုင်ငံသားဟာ ဘယ်သူဖြစ်တယ်ဆိုတာတော့မသိရသေးပါဘူး။စစ်ကောင်စီဟာ အန္ဒိယနိုင်ငံဘက်ရောက်ရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေကို မြန်မာနိုင်ငံ ကို ပြန်လည်ပို့ဆောင်ပေးဖို့ အန္ဒိယအစိုးရနဲ့ လျှို့ဝှက်ဆွေးနွေးဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းတွေ သြဂုတ်လ ဆန်းပိုင်းကတည်းက ထွက်ပေါ်ခဲ့ပါတယ်။