စစ်ရေးတင်းမာမှုတွေကြောင့် ဂန့်ဂေါ – ထီးလင်း လမ်းပိုင်း ယာယီပိတ် 

Google Map

စစ်ကိုင်းတိုင်း ဂန့်ဂေါနဲ့ ထီးလင်းမြို့နယ်တွေမှာ ဖြစ်ပေါ်နေတဲ့စစ်ရေးတင်းမာမှုအခြေအနေတွေကြောင့်  ဂန့်ဂေါ-ထီးလင်း လမ်းပိုင်းကိုဒီနေ့ဩဂုတ်လ ၂၂ရက်နေ့ကစပြီးယာယီပိတ်လိုက်တယ်လို့YDF(ထီးလင်း)က သတင်းထုတ်ပြန်ပါတယ်။

အများပြည်သူလုံခြုံရေးအတွက် လမ်းအသုံးပြုမှု ယာယီပိတ်ထားတာကို တိတိကျကျလိုက်နာပေးဖို့ ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံနဲ့ အသိပေးနေတယ် လို့ YDF(ထီးလင်း)အဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။

စစ်ရေးတည်ငြိမ်သွားတဲ့အချိန်မှာ ဂန့်ဂေါ- ထီးလင်း လမ်းပိုင်းကို ပြန်လည်သွားလာခွင့်ပြုမှာဖြစ်ပြီး သွားလာခွင့်ရှိမယ့် နေ့ရက်ကိုအသိပေးထုတ်ပြန် မှာဖြစ်တယ်လို့YDF(ထီးလင်း)ကဆိုပါတယ်။

အခုရက်ပိုင်းအတွင်းဂန့်ဂေါခရိုင်ထဲက ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထုနဲ့ ဆောမြို့နယ်အတွင်းက ကျေးရွာတွေမှာ ‌စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်‌ဆင် တိုက်ခိုက်မှုတွေကြောင့်ဒေသကာကွယ်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲတွေနေ့စဉ်ဖြစ်နေပါတယ်။ဒါကြောင့်နီးစပ်ရာတောတောင်​​တွေထဲ စစ်ဘေး ရှောင်နေ ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဂန့်ဂေါနယ်ထဲမှာ စစ်ကောင်စီကဆက်တိုက် စစ် ကြောင်းထိုးနေလို့ တိုက်ပွဲတွေပြင်းထန်နေ ပြီး ဂန့်ဂေါ-ပုလဲ-ဟားခါးလမ်းပိုင်း ၊ဂန့်ဂေါ-ကလေး လမ်းပိုင်းတွေကိုလည်း အသုံးမပြုဖို့ဒေသကာကွယ် ရေးတပ်တွေက ပိတ်ထားပါတယ်။