ချင်းပြည်နယ်၊ဖလမ်းမြို့ နယ် ၊ရိဒ်ခေါဒါရ်မြို့ အနီးက ဟိုင်မွှာလ် ရွာသစ်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အဲ့ဒီ ကျေးရွာနေ ဆယ်ကျော်သက်အရွယ် မောင်နှမနှစ်ဦးကို သတ်ဖြတ် အလောင်းဖျောက်ခဲ့တယ်လို့ ဒေသခံတွေ ကပြောပါတယ်။
စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ပြီး မြေမြှုပ်အလောင်းဖျောက်ထားခဲ့တဲ့ အသက် ၁၇နှစ်နဲ့ ၁၅နှစ်အရွယ် မောင်နှမ နှစ်ဦးရဲ့ရုပ်အလောင်းတွေကို ရွာသားတွေက ဟိုင်မွာလ် ရွာသစ်ကနေ ရိဒ်ခေါဒါရ်မြို့ ဘက်လာတဲ့လမ်း မှာ သြဂုတ်လ ၁၆ ရက် မနက်ပိုင်းက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြရတာပါ။
စစ်ကောင်စီတပ်တွေဟာ သြဂုတ်လ ၁၄ ရက်နေ့က ဟိုင်မွာလ်ရွာသစ်ကို စစ်ကြောင်းထိုးပြီး ရွာကို မီးရိူ့ခဲ့တာကြောင့် ရွာကပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။
အဲ့ဒီလိုတိမ်းရှောင်ကြချိန် မလားနွန်ပွီးယီးနဲ့ မောင်လားရွတ်မောယာတို့ဟာ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဟိုင်မွလ်ရွာသစ်က အိမ်(၁၅)လုံးကို မီးရှို့ဖျက်ဆီးပြီး ဩဂုတ်လ (၁၅)ရက်နေ့မှာ ရွာကနေ ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသခံမီဒီယာတွေက ဖေါ်ပြထားပါတယ်။