Delta News Agency က ဦးစီးထုတ်ဝေနေတဲ့ နွေဦးပွင့်သစ်မဂ္ဂဇင်း အမှတ် (၈) မှာ ဖေါ်ပြထားတဲ့ ဆရာ နိုင်မွန်အောင်သွင်ရဲ့ “လမ်းကြုံ” ကဗျာကို ဖော်ပြပေးလိုက်ပါတယ်။
လမ်းကြုံ
မြစ်ရေတို့တိုးရာ
ငါ့စိတ်တွေ ရိုကျိုးလျက်
ဘယ်အချိန်ကမ်းပါးပြိုမလဲ
ရင်ထဲနည်းနည်း နွေးနေတယ်
ခေတ်ပျက်လို
ပင်လယ်ဆီ စုန်သွားကြမလား
တော်လှန်ရေးလို ဆန်တက်မလား
နီရဲသောနှလုံးသားကို
ကျစ်ကျစ်ပါအောင်ဆုပ်လျက်။
၁၃.၇.၂၀၂၂