စစ်ပလ္လင်မှာ ယဇ်တင်မည့်  စစ်သူကြီးများလိုလာပြီ

ဗိုလ်ချုပ်ကြီးဆလင်းသည် အင်ဖာစစ်မြေပြင်တစ်နေရာ ဂျပန်တို့၏ထိုးစစ်အား ပြန်လည် တွန်း လှန်တိုက်ထုတ်နိုင်ခဲ့သော စခန်းတစ်ခုအားသွားရောက်စစ်ဆေးသည်။ အဆိုပါ ခံစစ်ကို ပြောင်မြောက် စွာ ဆင်နွဲခဲ့သော ယောရှိုင်းယားတပ်ရင်းနှင့် ဂေါ်ရခါးတပ်ရင်းနှစ်ခုလုံးသည် ဆလင်းနှင့် မစိမ်းသည့် တပ်များလည်း ဖြစ်သည်။ အထူးသဖြင့် ဂေါ်ရခါးတပ်ရင်းသည် ဆလင်းကျောင်းဆင်း အရာရှိဘဝက စတင်အမှုထမ်းခဲသော တပ်ရင်းဖြစ်ဿည်။ နိပါလီစကားပြောတတ်သော ဆလင်းသည် တကူးတက သွားရောက်တွေ့ဆုံသည်။

အဆိုပါစစ်မျက်နှာတွင် ဂျပန်တို့ထောင်ချီကျဆုံးခဲ့သည်။ သေဆုံးဂျပန်စစ်သားများအား မြေ မြှုပ်ရှင်းလင်းရာသို့ လှည့်လည်ကြည့်ရှုသည်။ တစ်နေရာတွင်ဂေါ်ရခါး ဆရာကြီးတစ်ဦးသည် ဂျပန် များကို မြုပ်နှံနေရာမှ ဓားကောက်ကိုဆွဲထုတ်ကာ ခုတ်မည်ဟန်ကိုတွေ့လိုက်ရသည်။ ဂျပန်တစ်ဦးမှာ ဒဏ်ရာဖြင့် မသေသေးသည်ကို တွေ့လိုက်ရသည်။ ဤတွင် ဆလင်းမှ ဤသို့မလုပ်သင့်ကြောင်း စစ်ရေး ကျင့်ဝတ် ဥပဒေသများဖြင့် ရှင်းပြသည်။ ဤတွင် ဂေါ်ရခါးဆရာကြီးမှ အမိန့်က ဂျပန်တွေကို မြေမြှုပ် ရှင်းလင်းဖို့ မသေသေးရင် ဘယ်လိုလုပ် မြေမြှုပ်လို့ရမလဲဟု ပြန်ပြောသည်။ ဆလင်းလည်း မသိချင် ယောင်ဆောင်ကာ ဆက်လျှောက်ခဲ့ရတော့သည်ဟု ဆိုသည်။

ဆလင်းသည် စစ်ရည်ဝနေသော စစ်သူကြီးတစ်ဦးဖြစ်ပြီး စစ်မြေပြင်သဘောသဘာဝကို ထုံမွှန်းထားသူဖြစ်သည်။ သို့သော် ၎င်း၏ ရှုံးနိမ့်ရာမှ အောင်မြင်ခြင်းသို့ စစ်သမိုင်းစာအုပ်တွင် စာရေး ဆရာတစ်ဦ၏ ဝတ္တရားအရ စစ်မြေပြင်လက်တွေ့ဘဝကို တစ်ကွက်စာမျှပြသွားသည်။

ဂျပန်နှင့်မဟာမိတ် စုစုပေါင်း လူလေးသိန်းခန့် သေဆုံးခဲ့ရသော မြန်မာပြည်သိမ်းစစ်ပွဲကြီးတွင်

စစ်ဥပဒေချိုးဖောက်မှု မည်မျှရှိမည်ဟု မည်သူမျှမပြောနိုင်။ သိလျှင်လည်း ဆလင်းကပြောမည်မဟုတ်။

သို့သော် စာရေးဆရာအနေဖြင့်တော့ တစ်ကွက်တစ်ကွင်း လှစ်ဟပြသွားခဲ့ခြင်း ဖြစ်ပုံရသည်။

နိုင်ငံတစ်ကာကွန်ဗင်းရှင်းမျိုးစုံ၊ ဂျီနီဗာကွန်ဗင်းရှင်း စသဖြင့် နိုင်ငံတစ်ကာ အာဂျင်ဒါမျိုးစုံကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုအနေဖြင့် အကုန်အစင်မဟုတ်သည့်တိုင် အများစု လက်ခံရေးထိုးပြီး ဖြစ် သည်။မြန်မာနိုင်ငံအနေဖြင့်လည်း လွတ်လပ်ရရပြီးကတည်းက  ကွနှ်ဗင်းရှင်းမျိုးစုံ ဝင်ရောက် လက် မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံ၏ ‌ကမ္ဘာစနစ်အလိုအရ ရေးထိုးးထားသော ကွန်ဗင်းရှင်းများ၊ သဘောတူညီမှုများ နှင့် အညီ ကိုက်ညီသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်များကို အနိမ့်ဆုံး နိုင်ငံတကာသို့ပြသရန် စာသဘော၊ ဥပဒေသဘော၊ လုပ်ထုံးလုပ်နည်းသဘောအားဖြင့် ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

 

မြန်မာစစ်တပ်သည်လည်း အလားတူ နိုင်ငံတကာပြယုဂ်ဖြစ်စေရန် ကွန်ဗင်းရှင်းနှင့်အညီ ဥပဒေ၊ လုပ်ထုံးလုနည်း၊ ကျင့်ဝတ်လမ်းညွန် စသဖြင့်အသီးသီး ပြဋ္ဌာန်းပြီး ဖြစ်သည်။ ယနေ့ခေတ် နောက်ဆုံးပေါ် စစ်တပ်တစ်ခု၏ အခြေခံတာဝန်တွင်၊ ဒုတိယတာဝန်အဖြစ် စစ်ပွဲမဟုတ်သော ဘေး အန္တရာယ်ကိစ္စများကိုပါပုံမှန်တာဝန်အတွင်းထည့်သွင်းသည့် Malitary Operation Other Then War (MOOTW) ကို ရှန်ဂရီလာဒိုင်ယာလော့ခ် ကတိကဝတ်အရ ရေးဆွဲထည့်သွင်း၍ ပင်ထားလိုက်သေး သည်။

စစ်တပ်မှပြဋ္ဌာန်းထားသော စစ်သည်တော်ကျင့်ဝတ် ၆၀ ဆိုသည်ကို စာမေးပွဲများစစ်ပြခြင်းဖြင့် ယနေ့ပြောနေကြသည့် Code of Conduct. လိုက်နာရန် သင်ကြားပါကြောင်း လှည့်စားပြနေသည်။

ထိုသို့အင်္ဂါစုံအောင်ထည့်သွင်းပြဋ္ဌာန်းထားသော်လည်း လက်တွေ့တစ်ခုမကျန် ချိုးဖောက်သည် ကို စစ်သည်တော်ကျင့်ဝတ် ၆၀ မှတစ်ခုချင်းနှင့် တိုင်းတာလျှင်ပင် သိသာနေသည်။ ၎င်းတို့ပြဋ္ဌာန်းထား သောကျင့်ဝတ် ၆၀ ထဲမှ

 

ပြည်သူလူထုအပေါ်ပြုကျင့်ရမည့် ကျင့်၀တ်(၁၀)ပါး

 

၁။ ပြည်သူလူထုအပေါ် သစ္စာစောင့်သိရိုသေပါ။

၂။ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ပါ။

၃။ ပြည်သူလူထုနှင့် ယဉ်ကျေးစွာဆက်ဆံပါ။ ရေလို/လလို ကျင့်ပါ။

၄။ ပြည်သူလူထု၏အကျိုးစီးပွားကို အစဉ် ဦးထိပ်ထားပါ။

၅။ ပြည်သူလူထုအား လှောင်ပြောင်ခြင်း၊ မထီမဲ့မြင်ပြုခြင်း၊ စော်ကားမော်ကားပြုခြင်း၊

ဆဲရေးတိုင်းထွာခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကို

ရှောင်ကြဉ်ပါ။

၆။ ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ။

၇။ မိမိနှင့်မသက်ဆိုင်သော အမှုကိစ္စများတွင် ၀င်မစွက်မိဖို့ သတိပြုပါ။

၈။ ပြည်သူလူထုကိုဦးစားပေးပါ။ မိမိမှ အခွင့်အရေး ပိုမယူပါနှင့်။

၉။ ပြည်သူလူထုအတွက် ဘာပဲလုပ်လုပ်၊ ဘာပဲခိုင်းခိုင်း ပြည်သူလူထုက ကြည်ဖြူကျေနပ်ပါစေ။

၁၀။ ပြည်သူလူထု၏ ဘာသာအယူဝါဒ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားပါ။

 

ဆိုသည့် ဆယ်မျိုးသည်ပင်လျှင် တစ်ချက်မကျန် ချိုးဖောက်၍ ဆန့်ကျင်ဖက်ကျင့်သုံးနေသည် မှာ လက်တွေ့ပင်ဖြစ်သည်။ လက်တွေ့အားဖြင့် မိုးပေါ်ထောင်မပစ်ဘူး။ တည့်တည့်ပစ်တယ်၊ သေရဲတဲ့ ကောင် ထွက်ခဲ့ စသဖြင့် လက်နက်အားကိုးဖြင့် ပြည်သူလူထုကို ခြိမ်းခြောက်၊ အနိုင်ကျင့်၊ စော်ကား သည်။ ပြည်သူတို့ကို သတ်ဖြတ်၊ အိုးအိမ်များမီးရှို့ဖျက်ဆီး၊ ပစ္စည်းဥစ္စာများလုယက် စသဖြင့် ရေး မကုန်၊ စာမဖွဲ့နိုင်လောက်အောင် ကျူးလွန်ဖောက်ဖျက်နေကြသည်။

ဂျီနီဗာကွန်ဗင်းရှင်း အပါအဝင်၊ နိုင်ငံတကာ ကျင့်ထုံးများကို လိုက်နာရန် တာဝန်အပြည့် ရှိသော အဖွဲ့အစည်းက တစ်ခုမကျန် ပြောင်ပြောင်တင်းတင်း ကမ္ဘာသိချိုးဖောက်နေသည်ကိုကမ္ဘာက မမြင်၊ မကြားပြုပြီး လျစ်လျူရှုထားသည်ကို တွေ့နေရသည်။

ယနေ့မြန်မာပြည်သူများ၏ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်တော်လှန်ရေးတွင် တော်လှန်ရေး အဖွဲ့အစည်းအသီးသီးမှာ CODE OF CONDUCT ဆိုသည့် စစ်ပွဲများဆိုင်ရာ ကျင့်ဝတ်စံနှုန်းကို ဂရု တစိုက် သတိထားနေရပြီး၊ လိုက်နာရန်တာဝန်ရှိ့သည့် (နိုင်ငံတကာမှ စစ်တပ်တစ်ခု၏ အဆင့်အတန်း အဖြစ်မှ မရုတ်သိမ်းသေးမည်ကြားကာလ)အဖွဲ့က တစ်ခုမှ မလိုက်နာဘဲ ချိုးဖောက်ခွင့်ရနေသည့် တစ်ဖက်သတ်အခြေအနေနှင့် ရင်ဆိုင်နေရသည်။

မြန်မာပြည်သူတို့၏ တော်လှန်ရေးသည် လက်နက်အင်အားချင်းမမျှသည့် အခြေအနေတွင် ကစားပွဲစည်းမျဉ်းအတိုင်း ကြိုးစားကစားနေရပြီး တစ်ဖက် စကစမှ ကစားပွဲစည်းမျဉ်းမှန်သမျှ ချိုး ဖောက် ကစားနေခြင်းနှင့်ပါ ရင်ဆိုင်နေရသည်။

ကစားပွဲစည်းမျဉ်းတစ်ခုမှ မလိုက်နာဘဲ၊ ကွန်ဗင်းရှင်းမှန်သမျှ ချိုးဖောက်ကစားနေသူအား နိုင်ငံတကာမှ စောင့်ကြည့်ဝေဖန်အသံ ပြုမှု မရှိသလောက်အခြေအနေတွင် တော်လှန်ရေးအဖွဲ့များ၏ မဆိုစလောက် တိမ်းစောင်းမှုတစ်ခု ပေါ်လာတိုင်း ဝိုင်းဝန်းမာန်မဲရန် လက်မနှေးကြသည်ကို တွေ့ရ သည်။

စစ်မြေပြင်ဝါရင့်တပ်မှုးများသည် စစ်ပွဲအခြေအနေလိုက်၍ ရန်သူစိတ်ဓာတ်ခြောက်ခြား

ကြောက်စိတ်ဝင်စေရန် (Appear to Sense Of Fear) ကြောက်စိတ်သွတ်သွင်းရန် လိုအပ်သည့်အခါ

စိတ်ဓာတ်စစ်ဆင်ရေး သရုပ်ပြကွက်များကို လုပ်ကြမည်ပင် ဖြစ်သည်။

ယခုခေတ်ပေါ် ဆက်သွယ်ရေးစနစ်တွင် ရန်သူစိတ်ဓာတ်ခြောက်ခြား ကြောက်စိတ်ဝင်စေသော စိတ်ဓာတ်စစ်ဆင်ရေးမှာ ထိရောက်၊ သက်ရောက်မှုလည်း မြန်ဆန်မည် ဖြစ်သည်။

ပထမကမ္ဘာစစ်အတွင်း လူသန်း ၂၀ ကျော် သေခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းစစ်သည် သန်း ၂၀ ကျော်နှင့် အရပ်သားသန်း ၂၀ ကျော် သေဆုံးခဲ့သည်။ စစ်ပွဲအတွင်း နှစ်ဖက်ချိုးဖောက်မှုများအတွက် စစ်ရှုံးသူများဖက်မှ စစ်ရာဇဝတ်တရားခံအဖြစ် ခေါင်းဆောင်အနည်းငယ်ခန့် ပစ်ဒဏ်စီရင်ခြင်းဖြင့် နိဂုံး ချုပ် မျဉ်းပိတ်လ်ုက်သည်။

ခေတ်သစ်တွင်လည်း ဆာဒမ်ဟူစိန်ဖြင့် မျဥ်းပိတ်လိုက်သည်။ ကဒါဖီဖြင့် မျဉ်းပိတ်လိုက်သည်။

ရှုံးပြီးမှ မျဉ်းပိတ်ခြင်းဖြစ်သည်။

 

ယခုမြန်မာပြည်တွင်လည်း စစ်အာဏာရှင်စနစ်သည် အရှုံးသို့ဆင်းရာလမ်းတွင် စတင်လိမ့်ဆင်း နေပြီ ဖြစ်သည်။ နိုင်ငံတကာက ထိုအရှုံးတွင် တစ်ဦး၊ နှစ်ဦးဖြင့် မျဉ်းပိတ်ပေးရန်သာ တွန်းအားပေး မည်။ ပြည်သူလူခံစားခဲ့ရသမျှ ဒုက္ခအဝဝကို အခြားကမ္ဘာကစားကွက်များနည်းတူ လူတစ်ဦးနှစ်ဦးဖြင့် ရေစက်ချအမျှဝေ လုပ်ခံရတော့မည်။

ဤအဖြစ်မျိုး ကြုံတွေ့ရပြီဆိုလျင် စစ်၏အောင်သီးအောင်ပွင့်ကို ဆွတ်ခူးကာ ချိုမြိန်စွာ စားသုံး လိုသူများသော်လည်း စစ်ကို တာဝန်ခံမည့်သူမရှိ၍ဟု ယူဆရန်သာ ဖြစ်သည်။

ပြန်ကောက်ရလျှင် စစ်ပွဲကိုအနိုင်တိုက်နိုင်ရန်အတွက် စစ်၏ ကောင်းကျိုး၊ ဆိုးကျိုးမှန်သမျှ ခေါင်းခံ၊ တာဝန်ခံမည့် အနိမ့်ဆုံး စစ်ခေါင်းဆောင်၊ အမြင့်ဆုံးနိုင်ငံရေးခေါင်းဆောင် လိုအပ်‌နေသည်။

စစ်ပွဲနိုင်ရေးသည် ပထမ၊ စစ်ပွဲနိုင်ရေးသည် ဒုတိယ၊ စစ်ပွဲနိုင်ရေးသည် တတိယ သဘောထားသော စစ်ပွဲ၏ခေါင်းဆောင် ဖြစ်သည်။

တော်လှန်ရေးဆိုသည်မှာ ဧည်သည်ကိုအိမ်ခေါ်ဖိတ်ကြား၍ ထမင်းစားဧည့်ခံသော အလုပ် မဟုတ်ဟု အဆိုအမိန့်ကဲ့သို့ပင် စစ်ပွဲထဲမှ သူတော်စင်တစ်ပါးပေါ်ထွန်းသည်ဟု လုပ်ချင်၍ မရဟု ယူဆသည်။

စစ်ပွဲသည် နိုင်ငံတကာစံနှုန်း၊ စကားလုံးများ စုန်းတောက်စားသည့် အပင်းသွင်းသည့် ကဝေ ကစားကွင်း မဟုတ်သည်မှာ သေချာသည်။

စစ်ပွဲသည် သွေး၊ အသက်၊ ဘဝ၊ နာကြည်း၊ မုန်းတီးလက်စားချေ၊ ချေမှုန်းမှုများနှင့် နာလန်မထူ နိုင်အောင် တိုက်ခိုက်ရသော ရှင်သူကျန်ခဲ့မည့် သူသေ ငါရှင် ဂလက်ဒီယေဒါ လူသတ်ကွင်း ဖြစ်သည်။

စစ်အဘိဓမ္မာဆရာကြီး ကလော့ဝတ်စ်က စစ်ပွဲတစ်ပွဲ၏ အဖြေသည် တစ်ဖက်ရန်သူ၏ အင် အားများ လုံးဝနာလန်မထူသည်အထိ ချေမှုန်းပစ်ရန်သာဖြစ်သည် ဟုဆိုခဲ့သည်။

မြန်မာနိုင်ငံပြည်သူတို့၏ စစ်အာဏာရှင်စနစ်‌ဖြုတ်ချရေး တော်လှန်ရေးသည် ကိုယ့်အားကိုယ် ကိုး တော်လှန်ရေး ဖြစ်သည်။ မည်သည့်နိုင်ငံတကာမှ အကူအညီမရ။ ပြည်သူတော်လှန်ရေး ပြည်သူ့ အကူအညီဖြင့် တော်လှန်ရေးခိုင်မာလာခြင်း ဖြစ်သည်။

တော်လှန်ရေးအဆင့်တစ်ခုသို့ ထပ်မံတက်လှမ်းရန် တော်လှန်ရေးကို တာဝန်ခံသော၊ တော်လှန် ရေး၏ ကောင်းကျိုးဆိုးကျိုးကို တာဝန်ခံသော၊ စစ်ကိုအကြောင်းပြု့၍ ဖြစ်ပေါ်လာသော ကိစ္စမှန် သမျှ ပြည်သူနှင် လက်အောက်အဆင့်ဆင့် ကိုယ်စားတာဝန်ခံသော ခေါင်းဆောင်မှု လိုအပ်လာသည့် ကာလဟု ယူဆရသည်။

 

နိုင်ငံတကာမျက်နှာ၊ နိုင်ငံတကာတာဝန်ခံမှုမှာ နိုင်ငံရေးမျက်နှာစာအတွက် လိုအပ်ကောင်း လိုအပ်နိင်သည်။ သို့သော် တော်လှန်စစ်အတွက် တော်လှန်ရေးနှင့် ပြည်သူကိုတာဝန်ခံသော စစ်ကို တာဝန်ယူသော ခေါင်းဆောင်လိုအပ်သည်။

သွေး၊ အသက်၊ ဘဝ၊ နာကြည်းမှု၊ လက်စားချေမှု၊ အမြစ်ဖြတ်မှု၊ ခါးခါးသီးသီး နောင်နောင် ကြဉ်ကြဉ်ဖြစ်သွားအောင် လုပ်ဆောင်နိင်မှု စသဖြင့် စစ်၏အကြောင်းတစ်ရာ မှန်သမျှတာဝန်ခံ မည့် စစ်ခေါင်းဆောင်များ လိုအပ်လာပြီ။ ပြည်သူ့အောင်ပွဲအတွက် နိုင်ငံတကာ စစ်ခုံရုံး၊ သည်ဟိတ်ခ် သာမက စကြဝဠာတံတိုင်းထိ ရင်ကော့တက်ဝံ့သူ လိုလာပြီ။

နိုင်ငံတကာစံနှုန်း ယဇ်ပုလ္လင်အတွက် မြန်မာပြည်သူတို့၏ အသက်၊ သွေး၊ ဘဝများဖြင့် ယဇ်ပူ ဇော်သည့် ပုရောဟိတ်ဆရာများမလိုဘဲ။ ပြည်သူတို့၏ တရားမျှတမှုအတွက် ရန်သူ့ အသွေးအသား ဖြင့် စစ်ပုလ္လင်မှာ ယဇ်တင်အောင်ပွဲခံမည့် စစ်သူကြီးများ လိုအပ်ချိန်ရောက်ပြီ။

 

စိမ်းမောင်