မြန်မာကလေး၄သန်းကျော် ပညာသင်ကြားခွင့်မရဘူးလို့ ကုလပြေ

photo-Unicef
မြန်မာကလေးငယ်၄သန်းကျော်ဟာ စာသင်နှစ်၂နှစ်တိတိ ပညာသင်ကြားခွင့်မရဖြစ်နေကြောင်း ကုလအတွင်း ရေးမှူးချုပ်ရဲ့ပြောခွင့်ရက ဆိုပါတယ်။
ဇွန်၂၈ရက်နေ့၊ နယူးယောက်မြို့၊ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ် ရဲ့ ပြောခွင့်ရ Stephane Dujarric က အဲဒီလို ပြောခဲ့တာပါ။
ကလေးတွေ အေးချမ်းစွာ ပညာသင်ကြားခွင့်မရတာဟာ ကလေးလုပ်သား၊ လူကုန်ကူးခံရမှုနဲ့ အရွယ်မတိုင်မီ အိမ်ထောင်ကျတာတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ် ပို များလာစေတယ်လို့ သူကပြောကြောင်း VOA ကဖော်ပြပါတယ်။
မြန်မာနိုင်ငံ တစ်ဝန်းမှာ လက်ရှိ နေရပ်စွန့်ခွာရသူ တစ်သန်းကျော် ရှိနေပြီး အ ခုနှစ် ပထမ ၄ လ အတွင်း လူပေါင်း ၂ ဒသမ ၆ သန်းကို အကူအညီ ပေးအပ်နိုင်ခဲ့ကြောင်း သူက ပြောပါတယ်။
ကျန်ရှိနေတဲ့ လူပေါင်း ၆ ဒသမ ၂ သန်းကို ကုလသမဂ္ဂ အနေနဲ့ အကူအညီတွေ ပေးအပ်နိုင်ရေးမှာ ရန်ပုံငွေ ထပ်တိုးရရှိမှု၊ သွားလာခွင့် တိုးတက် ရရှိမှု၊ ပြည်ဝင်ခွင့် ကြန့်ကြာမှု၊ ဘဏ်လုပ်ငန်း အတားအဆီးစတာတွေဖယ်ရှားပေးမှု အပေါ် မူတည်တယ်လို့ လည်းဆိုပါတယ်။
မြန်မာနိုင်ငံ ကို စာနာမှု အကူအညီ ပေးရေးအတွက် ဒေါ်လာ ၈၂၆ သန်း ရရှိရေး ပန်ကြားထားပေမဲ့ အခုအချိန်ထိ ၁၁ ရာခိုင်နှုန်းသာ ရရှိပါသေးတယ်။