ဒီပဲယင်းမှာ PDF အပါအဝင် အင်အားအများအပြားဖြင့် ချီတက်ဆန္ဒပြ

Photo-ဒီပဲယင်းမြို့နယ်တော်လှန်ရေးစစ်ကြောင်းဦးဆောင်ကော်မတီ
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာမှာ ဒီနေ့ ဇွန်လ ၂၈ ရက်နေ့မနက်ပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အတွက်အင်အား အများအပြားနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အဆိုပါ သပိတ်စစ်ကြောင်းမှာ ဆန္ဒပြပြည်သူတွေ လုံခြုံရေးအတွက် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် PDF တွေက လိုက်ပါစောင့်ရှောက်၍ ဝန်းရံပေးခဲတာပါ။
ဆန္ဒပြပြည်သူတွေက “လူထုရဲ့တော်လှန်မှုဟာ တိုင်းပြည်အနာဂတ်” စာသား ကိုင်ဆောင်ပြီး အာဏာရှ င်စနစ် ကျရှုံးစေရေးအတွက် စိတ်အားထက်သန်စွာနဲ့ လမ်းမပေါ်တွင် သံချပ်တွေ ကြွေးကြော်ဆန္ဒထုတ် ဖော်ကာ အကြမ်းဖက်ဆစ်စစ်တပ်ကို အလိုမရှိကြောင်း သပိတ်မှောက်ခဲ့ကြတာပါ။
မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ မှအဖွဲ့ဝင် ကိုသန်းကျော်ဦး ၊ မုံရွာလူငယ်အစည်းအရုံးမှ အဖွဲ့ဝင် ကိုဝင်းမိုးဇော်တို့က လာရောက်ပူးပေါင်းခဲ့ကာ ၊ ပြည်သူလူထုကို သပိတ်တရားနှင့် နိုင်ငံရေးအသိအမြင်တွေ ဟောပြောခဲ့ကြပါတယ်။