စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်အတွင်း ဖြတ်သန်းလာတဲ့ ရဲယာဉ်တန်းကို ပြင်းအားမြင့်မိုင်း၆လုံးနဲ့တိုက်ခိုက်ခဲ့ ကြောင်း knight commanders ကသတင်းထုတ်ပြန်ပါတယ်။
ဇွန်၂၇ရက်နေ့ညနေ ၅နာရီ၄၅မိနစ်လောက်မှာ မုံရွာကနေစစ်ကိုင်းဘက်ထွက်ခွာလာတဲ့ လုံခြုံရေးရဲပွိုင့်ကား၃ စီးနဲ့ အိမ်စီးကားတစ်စီးကို knight commanders (တပ်ခွဲ၄) နဲ့ ခရိုင်တပ်ရင်း(၁)မဟာမိတ်ပူးပေါင်း တပ် ဖွဲ့တို့က မြင်းမူမြို့နဲ့ ထီးဆောင်းရွာကြားမှာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အိမ်စီးကားကိုထိထိမိမိ ထိမှန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ၃ဦးစိုးရိမ်ရအခြေအနေနဲ့ ဆေးရုံပေါ်ရောက်နေတယ်လို့ သိရပါတယ်။