ငရုတ်ကောင်းတိုက်ပွဲအပြီး ဖမ်းဆီးခံ​ဒေသခံတွေထဲက စစ်ကြောရေးမှာ တဦးသေဆုံး

ဧရာဝတီတိုင်း၊ ငရုတ်ကောင်းမြို့ အနီး ကညင်တောင်မှာတိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်အုပ်စုက ဖမ်းထားတဲ့ ဒေသခံ ၁၅ဉီးထဲက အမျိုးသားတဦး အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောခံရပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။
သေဆုံးသူဟာငရုတ်ကောင်းမြို့၊ မိုးတိမ်ပြင်အုပ်စု၊အလယ် ရွာမှာနေထိုင်တဲ့ အသက် ၄၅ ဝန်းကျင်အရွယ် အုန်းပင်တက်လုပ်သား ဦးဝင်းဘိုဖြစ်ပြီး PDF နဲ့ ပတ်သတ်တယ်လို့ ငရုတ် ကောင်း နယ်မြေ ရဲစခန်းမှာ စစ်တပ်က စွပ်စွဲဖမ်းဆီးပြီးညှင်းပန်း နှိပ်စက်စစ်ကြောတာကြောင့် သေဆုံးသွားတာလို့ မိသားစုနဲ့ နီးစပ်သူတွေကဆိုပါတယ်။
သာမန်ဒေသခံတစ်ဦးဖြစ်တဲ့ ဦးဝင်းဘိုဟာ ဇွန် ၂၃ရက်မှာ သေဆုံးခဲ့တာဖြစ်ပြီး မိသားစုဝင်တွေကတော့ ဇွန် လ၂၆ ရက်နေ့ ကမှ သိရတယ်လို့ ပြောပါတယ်။
ရုပ်အလောင်းကိုမိသားစုဆီပြန်မပေးဘဲ သင်္ဂြိုလ်လိုက်တယ်လို့လည်း ဆိုပါတယ်။” ရဲစခန်းမှာ နှိပ် စက်လို့ သေသွားတာပါ။မိသားစုကို အလောင်းပြန် မပေးဘူး။ စစ်တပ်နဲ့ရဲက သူတို့ ဘာသာ သင်္ဂြိုလ်လိုက်ကြတယ် “လို့ မိသားစု နဲ့ နီးစပ်သူတဦးကပြောပါတယ်။
ဉီးဝင်းဘိုကို ဒေသခံစစ်တပ်၊ရဲ သတင်းပေး တစ်ဦးက လုပ်ကြံသတင်းပေးတိုင်ကြားလို့ ငရုတ် ကောင်းမှာ စခန်းချထားတဲ့ အကြမ်းဖက်စစ်အုပ်စုက ဇွန်လ ၁၃ ရက်နေ့ မှာ ဖမ်းသွားတာလို့ ရွာခံအချို့ ထံက သိရပါတယ်။
ဇွန်လ ၁၃ ရက်နေ့ကအကြမ်းဖက်စစ်တပ် နဲ့ PDF တို့ ငရုတ်ကောင်းမြို့အနီး စမ်းချောင်းဖျား နဲ့ ဆင်ငံရွာအကြား ၊ကညင်တောင်မှာတိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံအမျိုးသမီး ၅ဉီး အပါအဝင် ၁၅ ဦးကို အကြမ်း​ဖေက်စစ်တပ်က ဖမ်းဆီးခဲ့ပါတယ် ။