လက်ပံတောင်းတောင်၊ ဝမ်ပေါင်ကြေးနီစီမံကိန်းဆီ သွယ်တန်းထားတဲ့ ပင်မဓာတ်အားလိုင်းကို ဖောက်ခွဲဖျက် ဆီးလိုက်ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးလျှပ်စစ်ခွဲရုံကနေ ဝမ်ပေါင်ကုမ္ပဏီကိုသွားတဲ့ ဓာတ်အားလိုင်းကို ဇွန် ၂၄ ရက်နေ့ည ၁၀ နာရီခွဲလောက်က Young People Force နဲ့ပူးပေါင်းပြီး ဖောက်ခွဲဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။
အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး ပစ္စည်းဥစ္စာတွေခိုးယူနေတဲ့ အကြမ်းဖက်စစ်တပ်ကို ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ ရိက္ခာထောက်ပံ့ခြင်း၊ လက်ခံထားရှိခြင်းနဲ့ အားပေးအားမြှောက်ပြုနေတာကြောင့် သတိပေးတဲ့အနေနဲ့ အခုလိုဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ ထပ်မံ ဆက်သွယ်နေပါက တခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး ဆက်လက်တိုက်ခိုက်သွားမယ်လို့လည်း သတိပေးထားပါတယ်။