ခင်ဦး၊ ဗအိုးရွာကို အကြမ်းဖက်စစ်တပ် ဝင်စီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ဗအိုးကျေးရွာကို ဒီနေ့မနက်၃နာရီကျော်လောက်မှာ အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်စီးနင်းခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက်စစ်သားအင်အား ၇၀ လောက်နဲ့ ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး ရွာသားတချို့ ကျေးရွာထဲ ပိတ်မိနေ ကြောင်း Narapati Local Guerrilla Revolution Force (NLGRF) က ထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ ဒီနေ့မနက် ၉ နာရီကျော်လောက်အထိ ကျေးရွာထဲ မွှေနှောက်ဖျက်ဆီးကာ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း လုယက်နေကြောင်း NLGRF ကထုတ်ပြန်ပါတယ်။
မနေ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကံသစ်ကျေးရွာအနီးမှာ စစ်တပ်က သေနတ်နဲ့ပစ်ခဲ့တဲ့ ကံသစ်ကျေးရွာသား ၉ တန်းကျောင်းသား မောင်လူမင်းရဲ့ အလောင်းကို တွေ့ရှိခဲ့ရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
ပုံစာ-ဇွန်၁၀ရက်နေ့က ခင်ဦးမြို့နယ်၊ကံသစ်ရွာကို စစ်တပ်ကမီးရှို့ပြီးနောက်မြင်ကွင်း