မကွေးတိုင်း၊ စလင်းမြို့ပေါ်က ကျောင်းသားတွေကျောင်းတက်အောင် ဖိအားပေးနေတဲ့ Non CDM ပညာရေးဝန်ထမ်းတွေကို တစ်ဦးချင်းပစ်မှတ်ထား အရေးယူသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – အနောက်ပိုင်းတိုင်း က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
စလင်းမြို့က Non CDM ပညာရေး ဝန်ထမ်းတွေဟာ ကျေင်းသားတွေနဲ့ ကျောင်းသားမိဘတွေအပေါ် ဖိအားပေးကာ စစ်ကျွန်ပညာရေးစနစ်အောက် မျိုးဆက်သစ်ကလေးငယ်တွေကို စစ်အုပ်စုအလိုကျ သွတ်သွင်းနေကြောင်း တိုင်စာတွေအရ စုံစမ်းစစ်ဆေးခဲ့ရာ ဟုတ်မှန်နေတာကြောင့် ဇွန် ၂၃ ရက်မနက် ၃ နာရီလောက်က စလင်းမြို့ အ.ထ.က(၁) နဲ့ အ.လ.က(၂) အနီးတို့မှာ သတိပေးဖောက်ခွဲခဲ့ကြောင်း သိရပါတယ်။
အဲဒီသတိပေးချက်ဟာ Non CDM ပညာရေးဝန်ထမ်းတွေအတွက်သာဖြစ်တာကြောင့် ကျောင်းသားတွေ မထိခိုက်စေဖို့ စီမံဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။