သန်းခေါင်ကျော် စစ်တပ်စီးနင်းခဲ့တဲ့ ဗအိုးရွာက ဒေသခံ ၃၀ လောက် ပိတ်မိနေ

စစ်တပ်ကဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ဗအိုးကျေးရွာမှာ ‌ဒေသခံ ၃၀ လောက် ပိတ်မိနေတယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၃ နာရီကျော်လောက်မှာ အကြမ်းဖက်စစ်တပ်ဟာ ဗအိုးကျေးရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ်ပစ်ခတ်စီးနင်းစဉ် ထွက်မပြေးနိုင်တဲ့ ရွာသားတချို့ ပိတ်မိနေခြင်းဖြစ်ပါတယ်။
‘ပြည်သူတွေ အကုန် အချိန်မှီ မထွက်နိုင်ခဲ့ကြပါဘူး။ရွာထဲမှာ ဒေသခံ၃၀လောက် ပိတ်မိနေတယ် ကြားတယ်။
အစုလိုက်အပြုံလိုက် မသတ်ဖို့ ရင်တမမ ဆုတောင်းနေရတယ်’လို့ Khin U Local Guerrilla Force ကဆိုပါတယ်။
ရွာထဲက ပစ္စည်းပစ္စယတွေကို ရိုက်ချိုး သယ်ယူတာတွေလုပ်နေတယ်လို့လည်း Khin U Local Guerrilla Force ကထုတ်ပြန်ထားပါတယ်။
ခင်ဦးမြို့ပေါ်၅ရပ်ကွကနေပြည်သူတစ်ဦးက ‘ဗအိုးမှာပိတ်မိနေတဲ့ ရွာသားတွေအခြေအနေ ဘာမှမသိရသေး ဘူး။မနက်အစောကြီးစစ်ခွေးတွေပစ်ခတ်ဝင်လာတော့ ရွာသားတွေခမျာ အဖိုးတန်ပစ္စည်းတွေတောင် မယူနိုင် ကြဘူးထင်တယ်။စစ်ခွေးတွေ စိတ်ကြိုက်လုပြေပေါ့’လို့ ဆိုပါတယ်။
ဇွန်လ၂၂ရက်နေ့မှာ ကံသစ်ကျေးရွာက ၉တန်းကျောင်းသား တစ်ဦး ပစ်သတ်ခံခဲ့ရပြီး ညပိုင်း၉နာရီခွဲလောက် မှာ ရေဦးမြို့နယ်၊ ကြားဖူးကနေ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့လို့ မူးမြစ်အရှေ့ဘက် ခင်ဦးနယ် ၊မူးသာကျေးရွာက မိသားစု၃ယောက် ထိမှန်ခဲ့ကာ ဆေးကုသမှု ခံယူနေရတယ်လို့သိရပါတယ်။
ဒီနေ့နေ့ခင်း ၁၂ နာရီကျော်အချိန်ထိ ဗအိုးရွာထဲမှာ စစ်သားတွေရှိနေသေးပါတယ်။