စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ပိုင် လမ်းပိုင်းတွေမှာ ကုန်တင်ကားတွေအနေနဲ့ မိုးကာအုပ်ပြီးမသွားကြဖို့ Indaw Revolution က အရေးပေါ်သတိပေးလိုက်ပါတယ်။
အင်းတော်မြို့နယ်အတွင်းရှိ ကျောင်းကုန်း – အင်းတော်၊အင်းတော် – ဗန်းမောက်၊အင်းတော် – နန့်စီးအောင် နဲ့အင်းတော် – ကသာ လမ်းပိုင်းတွေမှာ ကုန်တင်ကားတွေ မိုးကာအုပ်သွားလာပြီး တစ်စုံတစ်ရာဖြစ်ခဲ့ပါက ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ တာဝန်မယူဘူးလို့လည်း ဆိုပါတယ်။
‘အဓိကကတော့ စစ်သားတွေက စစ်ကားနဲ့မဟုတ်ဘဲ အရပ်ကားတွေနဲ့ ခိုးသွားနေတာကြောင့်ပါ။အရပ်ကား တွေနဲ့ သူတို့ကို PDF မမြင်အောင် မိုးကာတို့လိုအကာအကွယ်တွေလုပ်ပြီး ခိုးသွားနေလို့ မှားပြီးလုပ်မိမှာစိုးလို့ ကုန်တင်ကားတွေကို အရေးပေါ်သတိပေးတာ’လို့ အင်းတော်မြို့၊အောင်မင်္ဂလာရပ်ကွက်နေ တက်ကြွလူငယ် တစ်ဦးကပြောပါတယ်။
PDF တွေရဲ့ မေတ္တာရပ်ခံချက်အတိုင်း မိုးကာမအုပ်ဘဲသွားလာခြင်းဟာ တော်လှန်ရေးကို တစ်ဖက်တစ်လမ်းက ကူညီရာရောက်တယ်လို့လည်း သူကထပ်ပြောပါတယ်။