ဖိုလ်ဝင်တောင်မြောက်ခြမ်းဘက် မိုင်းရှင်းထွက်လာတဲ့စစ်တပ် မိုင်းအလုံး၇၀နဲ့ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ဖိုလ်ဝင်တောင်မြောက်ခြမ်းဘက် မိုင်းရှင်းလင်းရေးထွက်လာတဲ့စစ်တပ်ကို မိုင်းအလုံး၇၀နဲ့ တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။
ဇွန်လ ၁၉ရက်နေ့၊ မနက် ၈နာရီလောက်မှာ ယင်းမာပင်အခြေပြု စစ်သားနဲ့ပျူအင်အား၃၀၀လောက်ဟာ ကားလမ်းဝဲယာတစ်မိုင်အကွာထိ မိုင်းရှင်းလင်းရေးလုပ်ဆောင်စဉ် မိုင်းထိခြင်းဖြစ်ကြောင်း ချင်းတွင်းရိုးမမဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။
စစ်သားတွေရဲ့အလောင်းတွေကို ဖောကားနက်ပြာနှစ်စီးနဲ့ နှစ်ခေါက် သယ်သွားတယ်လို့ ဒေသခံတွေက ပြော ကြောင်း ထုတ်ပြန်ခဲ့ပေမဲ့ သေဆုံးထိခိုက်အရေအတွက်ကိုတော့ ချင်းတွင်းရိုးမမဟာမိတ်တပ်ပေါင်းစုက မထုတ်ပြန်ထားပါဘူး။
ယင်းမာပင်မြို့၊(ခ)ရပ်ကွက်နေပြည်သူတစ်ဦးက ‘အလောင်းတွေလား၊ဒဏ်ရာရတဲ့သူတွေလားတော့မသိဘူး။မြို့ပေါ်ပြန်သယ်လာတယ်လို့ ကြားရတယ်။ဘယ်အဖွဲ့က မိုင်းဆွဲသလဲတော့ မသိဘူး’လို့ ဆိုပါတယ်။
ဖိုလ်ဝင်တောင်မြောက်ခြမ်းဧရိယာ၆မိုင်ပတ်လည်မှာ​​ဒေါင်းမင်းတပ်ပြောက်ကျားရဲဘော်၃ဦးသာရှိပြီး ကွဲမိုင်းအ လုံး၇၀ထက်မနည်းတွေ့ရကာ ရဲဘော်၃ဦးစလုံး ဘေးကင်းလွတ်မြောက်ခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြ ထားပါတယ်။
မွန်းလွဲပိုင်းမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က သံပြားကာကား၂စီးထပ်လွှတ်ကာ မိုင်းရှာဖို့ အင်အား ထပ်ဖြည့်လိုက်ကြောင်းသိရပါတယ်။