NUGPay Mobile Wallet ဖြင့် အသုံးပြုနိုင်မယ့်ဒစ်ဂျစ်တယ်မြန်မာကျပ်-DMMK စတင်မိတ်ဆက်

မြန်မာကျပ်ငွေကို ဘလောက်ချိန်းနည်းပညာသုံးပြီူ ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် စတင်မိတ်ဆက်လိုက် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကမနေ့က ဇွန်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။
အဆိုပါငွေကြေးစနစ်ကို NUGPay Mobile Wallet နဲ့အသုံးပြုနိုင်မှာဖြစ်တယ်လို့ NUG၊ စီမံကိန်း၊ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနကအသိ​ပေးထားတာပါ။
“ကိုယ်ပိုင်တဲ့ ငွေကြေးကို ကိုယ်တိုင်စီမံနိုင်မယ့် NUG Pay ဟာ Blockchain နည်းပညာကို အသုံးပြုထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး မိုဘိုင်း ပိုက်ဆံအိတ် ဖြစ်တယ်။”လို့ဆိုပါတယ်။
DMMK(ဒစ်ဂျစ်တယ်မြန်မာကျပ်​ငွေ​ကြေး)ကို NUG pay မိုဘိုင်း​ငွေ​ပေး​ချေမှုစနစ်အဖြစ်သုံးရမှာဖြစ်ပြီး DMMKဟာဒစ်ဂျစ်တယ်ငွေ​ကြေးဖြစ်သလို အဆိုပါ​ငွေ​ကြေးကို ​ငွေ​ပေးငွေယူပြုလုပ်ရာတွင် အသုံးပြုငွေ​ပေး​ချေရမယ့် မိုဘိုင်း​ငွေ​ပေး​ချေ​တဲ့ပလက်​ဖောင်းနည်းစနစ်ဖြစ်တယ်လို့ဆိုပါတယ်၊
NUGpay ဟာ Kpay ကဲ့​သို့​​မိုဘိုင်း​ငွေ​ပေး​ချေ​သောပလက်​ဖောင်းဖြစ်ပြီး ၊DMMK မှာ ​ဒစ်ဂျစ်တယ်ငွေသား ဖြစ်မည်ဖြစ်သည်။NUGက မိတ်ဆက်သည့် NUG Pay ကို လက်ရှိ Android ဖုန်းတွေ မှာစတင်အသုံးနိုင်မှာ ဖြစ်ပြီး iOSများတွင်မကြာခင် အသုံးပြုနိုင် အောင်ဆောင်ရွက်ပေး သွားမယ်လို့ဆိုပါတယ်။
Android ဖုန်းတွေမှာ NUG Payကို Play Store မှဆင့် Download ရယူနိုင်မှာ ဖြစ်ပြီးစတင်ရယူနိုင်မယ့် နေ့ ကိုမကြာခင် ကြေညာသွားမယ်လို့ဆိုပါတယ်။