ထိရောက်တဲ့တရားစီရင်ရေးမရှိရင် ရေရှည်တည်တံ့တဲ့ ပြန်လည်သင့်မြတ်ရေး မဖြစ်နိုင်

ပြစ်မှုကျူးလွန်သူတွေအပေါ် တရားစီရင်ရာမှာ ထိရောက်မှုမရှိပါက တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ပြန်လည် သင့်မြတ်ရေးမဖြစ်နိုင်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံးက ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။
ပြစ်မှုကျူးလွန်သူတွေ လွတ်ငြိမ်းချမ်းသာခွင့်ရနေမှုကို တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂအခြေခံမူထဲမှာ အဲဒီ လိုဖော်ပြထားကြောင်း ဒိန်းမတ်သံရုံးကဆိုပါတယ်။
ဒီနေ့ကျရောက်တဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေးအပြည်ပြည်ဆိုင်ရာနေ့ထုတ် ပြန်ချက်မှာ အဲဒီလိုဖော်ပြခဲ့တာပါ။
ဒီနေ့မှာ တရားမျှတမှုကို စောင့်မျှော်နေတဲ့ အကြမ်းဖက်မှု တွေ့ကြုံခံစားခဲ့ ရသူတွေနဲ့အတူ ဒိန်းမတ်သံရုံးက ရပ်တည်နေကြောင်း ထုတ်ပြန်ပါတယ်။
ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုတွေဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ခြင်းဖြစ်ပြီး ဒီလိုကိစ္စရပ်ကို ဘယ်လိုအခြေအနေမျိုးမှာ မဆို ဘယ်လိုမှ အကြောင်းပြချက်ပေးမရနိုင်ဘူးလို့လည်းဆိုပါတယ်။
မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးဟာ နိုင်ငံတကာဥပဒေနဲ့စံနှုန်းတွေကို လိုက်နာဖို့ တာဝန်ရှိ တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။