ရန်ကုန်မှာ ဦးအောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ” စာသားကိုင်ဆောင်ချီတက်

photo-Yangon Revolution Force – YRF
ဒီနေ့ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၇၇)နှစ်ပြည့်မွေးနေ့မှာ “ဦးဆောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ” စာသားနဲ့အတူ “ဖမ်းဆီးထားသော နိုင်/ကျဉ်းများ ချက်ချင်းလွှတ်” စတဲ့ ကြွေးကြော်သံတွေနဲ့ ဟစ်ကြွေးပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်သပိတ်မှောက်ခဲ့ကြတာပါ။
အဆိုပါသပိတ်လှုပ်ရှားမှုမှာအကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်စွာ ဖမ်းဆီးနှိပ်စက်ခံ နိုင်ငံရေးအကျဉ်းသား တွေနဲ့ ပြည်သူတွေအတွက် “ ဖမ်းဆီးခံ နိုင်/ကျဉ်းများအား ချက်ချင်းလွှတ် “ အစရှိသည့်ကြွေးကြော်သံတွေ နဲ့ လူထုတစ်ရပ်လုံးသွေးမအေးစေဖို့ လှုံ့ဆော်ခဲ့ကြတာပါ။
အဆိုပါလှုပ်ရှားမှုကို Yangon Revolution Force – YRF (Soft Strike Community) ၊ ရန်ကုန်ရဲ့သူပုန်များ သပိတ်ကော်မတီ (YRSC)၊ Revolution Force – RF နှင့် အခြေခံကျောင်းသားများ ရေးရာအဖွဲ့ (အကရ) တို့မှ ပူးပေါင်းချီတက် လှုပ်ရှားခဲ့တာပါ။