စစ်အုပ်စုရဲ့ ကွပ်မျက်မယ့်အစီအစဉ် လူအခွင့်အရေး ၁၁၂ဖွဲ့ ကန့်ကွက်

အကြမ်းဖက်စစ်အုပ်စုရဲ့ ကွပ်မျက်မယ့်အစီအစဉ်ကို ချက်ချင်းရပ်ဖို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI အပါအဝင် လူ့အခွင့်အရေးအဖွဲ့ ၁၁၂ဖွဲ့ က ဇွန်၁၆ရက်မှာ ကြေညာချက်ထုတ်ပြန်တိုက်တွန်းခဲ့ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ နဲ့ NLD လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦးကို ကွပ်မျက်ဖို့ စီစဉ်မှုဟာ နိုင်ငံတကာလူ့အခွင့်အရေးအရ ချမှတ်ထားတဲ့ လူ့အသက်ကို မတရားသတ်ဖြတ်ခြင်း တားမြစ်ချက်ကို ချိုးဖောက်ရာရောက်တယ်လို့ ဆိုကြောင်း RFA က ဖော်ပြပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ သေဒဏ်ကို လက်နက်သဖွယ်အသုံးပြုလာခဲ့ကြောင်းလည်းထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုအနေနဲ့ နိုင်ငံရေးအရ ဖမ်းဆီးထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့လည်း လူ့အခွင့်အရေး ၁၁၂ဖွဲ့ က တောင်းဆိုထားပါတယ်။