အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် Lungbyn ရွာ Lungbou စစ်ဘေးရှောင်စခန်းက ကလေးငယ် နှစ်ဦးဟာ မနေ့က ဇွန်လ ၁၆ ရက်နေ့မှာ ရေကန်ထဲပြုတ်ကျပြီးရေနစ်သေဆုံးကြတယ်လို့ သိရပါတယ်။
သေဆုံးတဲ့ကလေးနှစ်ဦးဟာ မတူပီမြို့နယ် ရေဇွာမြို့ကနေ စစ်ဘေးရှောင်လာတဲ့ အသက် ဆယ့်သုံးနှစ်အရွယ် မိန်းကလေး မနိုရွှေလှမေနဲ့ အသက်ခြောက်နှစ်အရွယ် ပေါစန်းလေးဦးတို့ ဖြစ်ပါတယ်။
သူတို့နှစ်ဦးရဲ့ အလောင်းတွေကို ပြန်တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းမီဒီယာဖြစ်တဲ့ Zalen မှာလည်း ဖော်ပြထားပါတယ်။