ဒီနေ့ ဇွန်လ ၁၆ ရက်နေ့ ဆားလင်းကြီးမြို့ပေါ်မှာ လူထုတိုက်ပွဲအရှိန်မြှင့်ကြဘုံရန်သူကိုချေမှုန်းကြ”စာသား ကိုင်ဆောင်ပြီး အကြမ်းဖက်စစ်အုပ်စု ဖြုတ်ချရေး ချီတက် သပိတ်မှောက်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ဦးဆောင် သူတွေနဲ့ ဆားလင်းကြီးမြို့နယ်အတွင်းမှ စျေးသူစျေးသားတွေ စု ပေါင်းပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ၊စစ်အာဏာရှင် ချေမှုန်းရေး လူထု တိုက်ပွဲ အရှိန်မြှင့်ကြဖို့ ချီတက် သပိတ်မှောက်ခဲ့ကြတာပါ။