ရေဖြူမှာ စွန်ရဲအဖွဲ့လက်ချက်ကြောင့် လူငယ် နှစ်ဦးသေဆုံ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဧကနိကျေးရွာမှာ လူငယ် ၂ ဦးကို စွန်ရဲအဖွဲ့က သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ ဧကနိကျေးရွာသား ကိုမျိုးကိုနဲ့ ကိုရန်ပိုင်စိုးတို့ ၂ ဦးဖြစ်ပြီး ဇွန်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာ နေအိမ်ကနေ ဖမ်းဆီးသွားပြီး ဝက်ချောင်းကျေးရွာတံတားနားမှာ ပစ်ခတ်သတ်ဖြစ်ခဲ့တာဖြစ်ပါတယ်။
သတ်ဖြတ်ထားတဲ့ အလောင်းနားမှာ စွန်ရဲအဖွဲ့တံဆိပ် လိုဂိုပါ စာရွက်တွေကိုလဲ ထားခဲ့တယ်လို့ဆိုပါတယ်။
“မနက်အစောကြီး နေအိမ်မှာ လာဖမ်းသွားပြီး ဝက်ချောင်းတံတားနားမှာပစ်သတ်သွားတာ။ အလောင်းကိုတောင် ဘယ်သူမှ မကောက်ရဲသေးဘူး။ အသတ်ခံရတဲ့ လူငယ် ၂ ဦးက ဘာမှ ပတ်သက်တဲ့သူတွေမဟုတ်ဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပျူစောထီးအဖွဲ့တွေနဲ့စွန်ရဲအဖွဲ့တွေဟာ ဧကနိရွာက NLD အမာခံ ဦးကြည်ငွေနေအိမ်ကို ဗုံးဖောက်ခွဲခဲပြီး ဦးမျိုးသိန်းကို ဖမ်းဆီးဖို့ နေအိမ်အသွားမှာ ဦးမျိုးသိန်းကို မတွေ့တာကြောင့် သမီးဖြစ်သူကို ဖမ်းဆီး နေအိမ်မှာ ကြိုးတုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လောင်းလုံးမြို့နယ်ထဲမှာ ပျူစောထီးနဲ့ စွန်ရဲအဖွဲ့တွေက NLD ပါတီဝင်တွေနဲ့မိသားစုဝင်တွေ၊ PDF တွေနဲ့မိသားစုဝင်တွေကို သတ်ဖြတ်မှုတွေ ခပ်စိတ်စိတ်လုပ်လာတာဖြစ်ပါတယ်။