ကွပ်မျက်မယ့် အစီအစဉ်ကိုရပ်ဖို့ အရေးတကြီး တောင်းဆိုကြောင်း ကုလလူ့အခွင့်အရေး မဟာမင်းကြီးပြော

၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီ အပါအဝင် ဒီမိုကရေစီရေးလှုပ်ရှားသူတွေအပေါ် ကွပ်မျက်မယ့် အကြမ်းဖက် စစ်တပ်ရဲ့ အစီအစဉ်ကိုရပ်ဖို့ အရေးတကြီးတောင်းဆိုကြောင်း ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောကြားလိုက်ပါတယ်။
ကိုဂျင်မီနဲ့ NLD အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို သေဒဏ်စီရင်မယ်လို့ ဇွန်လထဲမှာ ပြောကြားခဲ့ပြီးနောက် ပြည်တွင်း၊ ပြည်ပရဲ့ကန့်ကွက်မှုက ကျယ်လောင်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ Michelle Bachelet က ပြောသလို မြန်မာစစ်တပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုမျိုး နောက်ထပ်ကျူးလွန်ဖို့ အလား အလာရှိ တယ်လို့လည်းဆိုပါတယ်။
အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးနောက် လူ ၁၉ဝဝ ထက်မနည်းသတ်ဖြတ်ခံရပြီး ၁၃၅ဝဝ ကျော် တရားလက်မဲ့ဖမ်းဆီးခံရသလို လူဒါဇင်နဲ့ချီ သေဒဏ်အမိန့်ချမှတ်ခံထားရတယ်လို့လည်း Michelle Bachelet က ပြောပါတယ်။