ပခန်းကြီးရဲစခန်းက ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ပခန်းကြီးရဲစခန်းက ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်း ဝင်ခဲ့ပါတယ်။
အဲဒီရဲတပ်သားဟာ စစ်အုပ်စုလက်အောက်မှာ ဆက်လက်တာဝန်ထမ်းလိုစိတ်မရှိတော့တာကြောင့် ဒီနေ့မှာ Young Force (UG)နဲ့ ချိတ်ဆက်အလင်းဝင်ခဲ့ရာ အခုအခါ လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိပြီဖြစ်တယ်လို့ Young Force (UG) က ထုတ်ပြန်ပါတယ်။အလင်းဝင်ရဲနဲ့အတူ ဂျီသရီးသေနတ်တစ်လက်၊ ကျည်ဘောက်(၂)ခုနဲ့ ကျည်ဆန် အတောင့် (၁၀၀)ပါလာပါတယ်။
Young Force (UG) က ရဲတပ်သားကို လမ်းစရိတ် တစ်သိန်း ထောက်ပံ့ပေးပြီးဂုဏ်ပြုငွေကတော့ ထင်တာထက်ပိုများပါမယ်လို့ ထုတ်ပြန်ထားပါတယ်။Young Force (UG) အနေနဲ့ CDM ပြုလုပ်မယ့်သူတွေကို လုံခြုံရေး အာမခံနဲ့ စိတ်ချရတဲ့နေရာအထိ ပို့ဆောင်ပေးမယ်လို့ဆိုပါတယ်။