
အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတက်ရောက်ပြီးနောက် နေအိမ်ဗုံးဖောက်ခွဲခံရတဲ့ သတင်းထောက်ဟာ သူတို့ရဲ့ ဝန်ထမ်းမဟုတ်ကြောင်း The Nation Voice သတင်းဌာနက ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သေဒဏ်အမှန်တကယ်ပေးဖို့ မေးခွန်းမေးမြန်းခဲ့တဲ့ သတင်းထောက်ရဲ့ ဆိပ်ကြီးခနောင်တိုမြို့က နေအိမ်ကို ဇွန်လ ၁၁ရက်နေ့မှာ ဗုံးဖောက်ခွဲရတဲ့ သတင်းနဲ့ ပတ်သတ်ပြီး လူမှုမီဒီယာစာမျက်နှာမှာ ဖော်ပြရာကြရာမှာ The Nation Voice သတင်းထောက်အဖြစ်ရေးသားနေမှုများမှာ မဟုတ်မှန်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
The Nation Voice သတင်းဌာနအနေနဲ့နွေဦးတော်လှန်ရေးနဲ့အတူပေါ်ပေါက်လာတဲ့လွတ်လပ်တဲ့ သတင်းဌာန တစ်ခုဖြစ်ပြီး The Nation Voice အမည်ကလွဲပြီး အခြားနာမည်မရှိဘူးလို့ဆိုပါတယ်။ The Nation Voice နဲ့ ဆင်တူယိုးမှား နာမည်တွေနဲ့လည်း သတင်း ဖော်ပြမှုတွေလည်းရှိနေတယ်လို့လည်း ပြောပါတယ်။
The Nation Voice သတင်းဌာနမှသတင်းထောက်တွေအနေနဲ့ အာဏာသိမ်းစစ်အုပ်စုပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲတွေတက်ရောက်သတင်းယူတာမရှိသလို နွေဦးတော်လှန်ရေးမှာပြည်သူတွေနဲ့အတူအ မြဲရပ်တည်သွားမယ်လို့ ဖော်ပြထားပါတယ်။