Mytel တာဝါတိုင်နဲ့ တစ်ဖက်ပွင့်လက်နက်ကြီးတွေ အရေအတွက်များများ ထုတ်လုပ်မယ်

PHOTO-CDSOM
Mytel တာဝါတိုင်ကနေ ပိုမိုကောင်းမွန်တဲ့ တစ်ဖက်ပွင့်လက်နက်ကြီးတွေကို အရေအတွက်များများ ထုတ်လုပ် ဖို့ စီစဉ်နေကြောင်းသိရပါတယ်။
မကြာမီအချိန်အတွင်း Mytel တာဝါတိုင်တွေကနေတစ်ဆင့် လက်နက်ကြီး၊ လက်နက်ငယ်အမျိုးအစားပေါင်းစုံ ကိုလည်း ထပ်မံထုပ်လုပ်သွားမှာဖြစ်ပြီး အဲဒီလက်နက်ထုတ်လုပ်မှုကနေ ဒေသတွင်းရဲဘော်တွေကို လက်နက် အတော်အသင့် တပ်ဆင်ပေးနိုင်မယ်လို့ CDSOM ကဆိုပါတယ်။
တဖက်ပွင့် လက်နက်ကြီးတွေကို ၂၀၂၂ ခုနှစ်၊ တော်လှန်သင်္ကြန်ကာလအတွင်း အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ ပြီးပေ၂၀၀၀နဲ့အထက်ပြေးနိုင်တဲ့ ‘မမ’ တွေကိုလည်း တီထွင်ထုတ်လုပ်ကာ စစ်ဆင်ရေးတွေမှာ အဝေးပစ်အ နေနဲ့ အကောင်းဆုံးအသုံးပြုနိုင်ခဲ့ကြောင်း မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ – CDSOM ကဒီကနေ့ထုတ်ပြန်ပါတယ်။
၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း ဖြစ်ပွားခဲ့တဲ့ ရေလယ်ကျွန်းစစ်ဆင်ရေးနဲ့ လက်ယက်မ စစ်ဆင်ရေး တိုက်ပွဲတွေမှာ တစ်ဖက်ပွင့်လက်နက်ကြီးကို စတင် အသုံးပြုခဲ့ကြောင်း သိရပါတယ်။
Mytel တာဝါတိုင်တွေဟာ လက်နက်ထုတ်လုပ်ရေးအတွက် အကောင်းဆုံးကုန်ကြမ်းဖြစ်ပြီး တာဝါတိုင်ထုတ် လက်နက်တွေဟာ မဟာမိတ်စစ်ဆင်ရေးတွေရဲ့ အရေးကြီးတဲ့နေရာကနေ ပါဝင်တယ်လို့ဆိုပါတယ်။